အရင်က ဘ ကိုပိုပြီးသုံးခဲ့ကြပါတယ်။ ဘတ်စာ၊ ဘိနပ်၊ ဦးဘေမောင်တင်၊ ဦးဘဘေ၊ ဘိတ်ကြား၊ ပင့်ဘိတ် စသည်။
အဘန်အဘန်၊ တမန်ကိုးခေါက်၊ ကိုးကြိမ်မြောက်လျှင်၊ တယောက်တထောင်၊ နောက်လိုက်ဆောင်လျက်၊
တဘက်သောကို တဖက်သောလို့ ရေးလာကြတာကတော့ ခေတ်သဘောအရ သင့်ပါတယ်။ တဘက်၊ တဖက်ကို စသတ်တာကတော့ လျှာရှည်တာ။
စန္ဒယားချစ်ဆွေ လက်ရာ၊ (ဦး)ချစ်မြိုင် ၏ သီချင်းကောင်းလေး တပုဒ် နားဆင်ပါရစေ ခင်ဗျား (ရေဒီယိုချိုတေးသံနားဆင်ကြမယ်)
https://m.facebook.com/groups/1837266772968942/permalink/3265119003517038/?mibextid=Nif5oz
ဘတ်
ဂီလာနဘတ်
ဘတ်ဂျက်
ဘတ်စာ (ယခင်သုံး)
ဘတ်ငွေ
မတကဘတ်
ရင်ဘတ်
ဝိဘတ်
သံဃဘတ်
ဖတ်ပါရော ဘတ်ပါပါ နှစ်မျိုးလုံး သုံးပါတယ်။ မူကွဲလို့ခေါ်တယ်။ အင်္ဂလိပ်စာမှာ ဗြိတိသျှနဲ့ အမေရိကန်ကွဲလွဲသလို မြန်မာစာမှာလည်း မူကွဲရှိတယ်။ မူကွဲဆိုတာ အမှားနဲ့ အမှန်မဟုတ်ပါ။ တနဲ့ တစ်လို မှန်နေတာကို တမင်တကာအမိန့်နဲ့ပြင်ခိုင်းတာကို မူကွဲလို့ မခေါ်ပါ။ မူလွဲလို့ခေါ်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment