ဆင်ဖြူတော်ဆိုပြီး နိုင်ငံရေးလုပ်ကတည်းက ရောဂါအမည်တွေကို ဆင်ဖြူတော်လို့ ပေးထားတယ်။
- ဆင်ဖြူတော်တုပ်ကွေး
- ဆင်ဖြူတော်ရေယုံ
- ဆင်ဖြူတော်ဝက်ခြံ
မြန်မာစာမှန်အောင်မရေးတာကို မလိုမုန်းထားရှိသူတွေက ပညတ်မကြည့်နဲ့တဲ့။ ဥပဒါန်မစွဲရတဲ့။ တရားပြကြတယ်။
ကျောက်ဖြူတုုံး ရုပ်တုကြီးကို သူတို့က ဘာပြောကြသလဲ။ ပရမတ်သဘောအရ အဲဒါ ပထဝီဓါတ်။ မာသတဲ့။ မယုံရင် ခေါက်ကြည့်။
ခေတ်ကလည်း ‘မှာ’ လို့ မရေးကြဘဲ ‘မာ’ တဲ့။ အဲဒါလည်း ပထဝီဓါတ်။
ပုံထဲက ကျောက်တုံးအဖြူနဲ့ အတူတူဘဲ။
ခုခေတ်မြန်မာပြည်မှာ မခေါက်ရဲသူတွေနဲ့ မတောက်တခေါက်တွေ များတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment