ဆန်ကိုရေစိမ်တာနဲ့ ပက်သက်(ပတ်သက်)လို့ ကျန်းမာရေးနဲ့ပက်သက်(ပတ်သက်)တဲ့ သုတေသနက ထုတ်ပြန်ချက်တွေတကယ်ရှိသလား သိပါရစေခင်ဗျာ။စာလုံးပေါင်းသတ်ပုံတွေကတော့ သူတို့ Page က တင်ထားတဲ့အတိုင်းကူးယူထားတာဖြစ်လို့ အမှားပါပါတယ်ဆရာ။ သည်းခံဖတ်ပြီး ဖြေပေးပါဆရာ။
ဆန်ကို မချက်မီ ရေစိမ်ထားဖို့ လိုလား စသည်။
ပြန်မရေးလိုပါ။ ဆန်အကြောင်း၊ ထမင်းအကြောင်း၊ ဆန်ဆေးရေ၊ ထမင်းရည်၊ ဆန်ပြုတ် စတာတွေ တင်ပြထားပြီးပြီ။
ဆန်ဆိုတာ အမျိုးအစား များတယ်။ ဆန်သစ်နဲ့ ဆန်ဟောင်းလည်း ချက်ရတာ မတူပါ။ ဆန်ကောင်းနဲ့ ဆန်ကွဲ သုံးရတာ မတူ။ ဆန်စေးနဲ့ မစေးတဲ့ဆန် အတော်ကွာခြားတယ်။
အခြေခံအချက်တခုကတော့ လူတိုင်းလိုလိုက နှစ်ပေါင်းများစွာ နေထိုင်၊ သုံးစွဲ၊ စားသောက်နေတာတွေကနေ ရောဂါ မရစေနိုင်။ ရောဂါကိုလည်း မကာကွယ်နိုင်။ ရောဂါတွေကိုလည်း ကုသနည်းအဖြစ်မသုံးနိုင်ပါ။
ကိုဗစ်တုန်းကလည်း အဲလိုဟာတွေလာ၊ ကင်ဆာမျိုးစုံအတွက်လည်း တင်နေကြတယ်။ လူကြိုက်များသော် မှား၏။ မမှားလည်း အပိုတွေသာဖြစ်ကြ၏။
ရေကို ထိုင်သောက်၊ ထသောက်၊ အသက် ဘယ်လိုရှူ၊ ရေသန့် မသန့်၊ ရေနွေးညသိပ်၊ ရေသန်း ရေနွေးမတည်ရ၊ ထမင်းစာနေစဉ် ရေမသောက်ရ၊ သောက်ပါ၊ ဘလာဘလာဘလာတွေ များနေတယ်။
အကြောင်းအရတခုစီကို ဘလော့မှာ ဖတ်နိုင်တယ်။
မလိုတာတွေကို သတိထားသူမျိုးဟာ လိုတာတွေကို မေ့ကြလေ့ရှိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment