Skip to main content

Etiquette လောကဝတ်

ကွန်မင့်တခု = ထမင်းစားရင် တပြတ်ပြတ်မြည်သံ မထွက်စေနဲ့ ဟင်းချိုရည်ခပ်သောက်လျှင် တရှူးရှူး မမြည်စေရ ကျောင်းတက်တော့ စာအုပ်မှာ ကိုယ်နဲ့မဆိုင် ခွင့်မပိုင် ဆွဲကိုင်မကြည့်ရ လူကြီးမိဘ ဆရာသမားတွေရှေ့ ဖြတ်လျှောက်ရင် ခေါင်းငုံ့ရမယ် စသည်ဖြင့် ကလေးဘဝ လောကဝတ်. အသေးစားလေးတွေ တွေးမိပါတယ် ခင်ဗျ (ဆုံး)
Etiquette စာလုံးကို အဘိဓါန်မှာ ကျင့်ဝတ်၊ ထုံးတမ်း၊ ယဉ်ကျေးပျူငှာမှုလို့လည်း ဘာသာပြန်ပါတယ်။
ကျွန်တော့ဇာတိရွာကလေး သတိရကြောင်းရေးလေ့ရှိပါတယ်။ အောက်ချင်းတွင်းခရိုင်၊ ပုလဲမြို့နယ်၊ မင်းရွာ။
တကယ့် တောရွာလေး၊ အရွယ်အစားလည်းသေး၊ ဈေးတောင်မရှိတဲ့ရွာ။ ကျွန်တော်က ရွာမှာ ခဏသာ ကျောင်းနေခဲ့ရတယ်။ နွေရာသီတိုင်းမှာ ရွာကိုအလည်ပြန်တယ်။ ရွာကလူကြီးတွေဆီကတော့ အသိပညာတွေ ရခဲ့ပါတယ်။
ကျွန်တော်ငယ်ငယ်လေးက ရွာကိုသွားတိုင်း၊ ရွာကလူကြီးတွေက အလိမ်မာသင်ပေးကြတယ်။ ထမင်းဝိုင်းမှာ ဖိနပ်ချွတ်စားရတယ်။ လူကြီးကို ဦးချရတယ်။ ဟင်းခပ်ဇွန်းကို ထမင်းစားတဲ့လက်နဲ့မကိုင်ရဘူး။ အသံမည်အောင်မစားရဘူး။ ဟင်းခပ်ပြီးရင် ဇွန်းကို ဟင်းပန်းကန်မှာ အနေတော်အောင် ပြန်ထားရတယ်စသဖြင့် လိုက်နာစရာတွေကို ရွာကအမျိုးတွေကနေ သင်ပေးတယ်။ 
အိပ်ရင် အရှေ့ဖက်သာ ခေါင်းပြုအိပ်ရတာ၊ လူကြားထဲမှာ နေတာထိုင်တာ၊ လူကြီးနဲ့ပေးစရာယူစရာရှိတိုင်း လက်နှစ်ဖက်သုံးရတာ၊ လူကြီးရှေ့မှာ ခေါင်းငုံ့ရတာ စတဲ့နီတိတွေလည်းပါတယ်။ ဘုန်းကြီးတွေနဲ့ ဆက်ဆံရေး ည်းမျဉ်းတွေလည်းပါတယ်။
အဲဒီခေတ်က ဘုန်းတော်ကြီးတွေ အရိပ်ကို မနင်းရတဲ့သဘောနဲ့ ဘုန်းကြီးလာရင် အရိပ်ထွက်တဲ့ကက်ကဆိုရင် ခဏရပ်နေရတယ်။ တောရွာတွေမှာ ဆရာတော်တွေက သြဇာကြီးပြီး ဆရာတော်တွေကလည်း သီလ သမာဓိ ပညာ ပြည့်ဝကြတယ်။ ကျွန်တော် တိုင်းပြည်ကနေ ထွက်ပြေးရတဲ့နှစ် ၁၉၉၀ အကုန်အထိ ရွာကျောင်းဆရာတော် သက်တော်ထင်ရှား ရှိသေးတယ်။
ဘယ်နိုင်ငံ ဘယ်လိုပွဲလမ်းရောက်ရောက် မွေးဇာတိရွာက လူကြီးသူမတွေကနေသင်ပေးတဲ့ ‘အက်တစ်ကက်’ ခေါ် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကိုတော့ လိုက်နာပါတယ်။ တိုင်းတပါးကလူတွေ ရေးတဲ့စာအုပ်ထဲမှာ အဲတာတွေမပါ။
ရွာက ဆရာတော်၊ အဖေ၊ အမေ၊ ဦးကြီး၊ ဦးလေး၊ အရည်း၊ အဒေါ်တွေကို သတိရတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ