Skip to main content

အနုပညာဆိုသည်မှာ

ဆရာ အနုပညာလက်ရာကို ပါဠိလို ဘယ်လိုခေါ်တာလဲဆရာ သုခုမလို့ခေါ်တာလားဟင်

အနုပညာ (ဝီကီပီးဒီးယား)

လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်ပြနိုင်သော အနုပညာသည် အဘယ်နည်း။ အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ အနုပညာသည် လူ၏ စေတနာ အလျောက် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသောပညာ ဖြစ်၍ အနုပညာ၏ အစွမ်းကြောင့် အနုပညာကို ခံစားရသူ၌ ရသ ဖြစ်ပေါ်ရသည်။ ထိုကြောင့် အနုပညာကို ရသပညာဟုလည်း ခေါ်လေသည်။ အနုပညာရသဟူသည်မှာ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ ကရုဏာဖြစ်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလင်္ကာကျမ်းများအလာ စိတ်အရသာ ကိုးပါးအနက် တပါးပါးကို ခံစားရမှု ဖြစ်ပေသည်။ မျက်မှောက်ခေတ် စိတ္တဗေဒေ ပညာရှင်တို့၏ အလိုအရမူ စိတ်အရသာ၊ (သို့) လှုပ်ရှားမှု (၁၄) မျိုးရှိသည်ဟု သိရပေသည်။ အနုပညာကို တနည်းအားဖြင့် ဆိုရသော ခံစားမှုကို တင်ပြသော ပညာရပ်မျိုးဟူ၍ ဖြစ်သည်။ သိပ္ပံပညာသည် အကြောင်းတရားကို သရုပ်ခွဲပြသည်။ အနုပညာကမူ အကျိုးတရား၊ (သို့) စိတ်လှုပ်ရှားမှုအတွက် ခံစားမှုကို ဖွဲ့ပြသည်။ စေတနာကို လှုံ့ဆော်သော စိတ်ဘဝင်၌ ခံစားမှုကို ဖွဲ့ပြသော အနုပညာရပ်တွင် ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်ပညာနှင့် အနုစာပေတို့သည် အဓိကအားဖြင့် ပါဝင်ကြသည်။

မြန်မာ့အနုပညာဆိုသည်မှာ မြန်မာတို့ ဖန်တီးထားသော အနုပညာလက်ရာများကို ဆိုလိုသည်။ အနုပညာဟုဆိုရာ၌ ဘုရား၊ ကျောင်း၊ ကန်၊ တိုက်တာအဆောက်အဦများရှိ လက်မှုအတတ်ပညာများ၊ ပန်းချီ၊ ပန်းပု၊ စာပေဂီတ၊ အက စသည့် အနုပညာများလည်း ပါဝင်သည်။ 

မြန်မာ့အနုပညာတွင် အရေးပါလှသော ပန်း(၁၀)မျိုးအတတ်ပညာ ရှိပေသည်။ ၎င်းတို့မှာ -

ပန်းပဲ

ပန်းပု

ပန်းထိမ်

ပန်းတော့

ပန်းရန်

ပန်းတမော့

ပန်းပွတ်

ပန်းချီ

ပန်းယွန်း

ပန်းတဉ်း

ဟူ၍ ဖြစ်သည်။

စာအဆုံးသတ်မှာ ဟင် နဲ့ နော်ကို နေရာရွေးသုံးရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ