မမြင်လိုက်ဖူး၊ မစားလိုက်ရဖူး။ ဗူးသီး၊ ဘူးသီး ဆိုရင်ကျ ဖူးသီးတဲ့။ မုံ့ ၊ မုန့် တွေကျတော့ မှူန့်လို့အသံထွက်တယ် မှူန့်ပျားသလက်၊ ဘီစကစ်မှူန့်၊ မှူန့်ဖက်ထုပ် အစရှိသဖြင့်ပေါ့ ဆရာ။
ယောကိုလာရင် စကားပြန်မပါ မရလောက်။
စကားပြန်လည်းလုပ်ပေးမယ် ယောလုံချည်တွေလည်းလက်ဆောင်ပေးမယ်ဆရာ။
၂၀၁၈ ခုနှစ်နွေရာသီက မြန်မာပြည်ကို အလည်ပြန်ပါတယ်။ ၂၇ နှစ်ခွဲကြာပြီးမှ ပြန်ရတာ။ ပြည်ပမှာနေရစဉ်က တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့သာ အနီးကပ်နေရတာများပါတယ်။ စကားပြန်တွေရှိတယ်။ ကျေးဇူး။
အလည်ပြန်တော့ ဗမာဆိုတဲ့ အများစုလူမျိုးက စကားကို ဘယ်လိုပြောဆိုနေကြသလဲကို သိလိုတာ စိတ်စောနေခဲ့ပါတယ်။
အဆင်တော့ ပြေတယ်။ ရန်ကုန်လေဆိပ်ရောက်ကတည်းက အမျိုးတွေ၊ မိတ်ဆွေတွေနဲ့တွေ့၊ သွားလေရာမှာလည်း အမျိုးတွေ၊ မိတ်ဆွေတွေက လိုက်ပို့တော့ စကားပြန် မငှားခဲ့ရပါ။ ကျေးဇူး။
ပြည်တွင်းထုတ် မြန်မာလိုရေးတဲ့စာအုပ်တွေကိုတော့ မဖတ်တတ်တော့ပါ။ သတ်ပုံတွေ ပျက်ကုန်ပြီဘဲ။ မြန်မာလိုရေးတဲ့စာအုပ်တွေကိုဖတ်ဖို့ ကျွန်တော့အတွက်တော့ ဘာသာပြန်လိုပြီ။
နောက်တခေါက် အလည်ပြန်ခွင့်ရရင် ယောနယ်နဲ့ ရှမ်းပြည်ဘက်ကို သွားချင်နေမိတယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို စကားပြန်လုပ်ခိုင်းရမှာဘဲ။
ဘယ်ဒေသထွက် အစားအသောက်တွေဖြစ်ဖြစ်ကိုတော့ စကားပြန်လည်းမလို၊ ဘာသာပြန်လည်း မလိုလောက်ပါ။ စားဘူးထားပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment