Skip to main content

ဝဏ္ဏပဘာပြဿနာ

ဝဏ္ဏပဘာသည် 

(က) ဘုရင်မင်းခေါင်၏ သ္မီးတော်တပါးလော -

(ခ) မင်းမျိုးမင်းနွယ်ဝင် အမတ်ကြီးတပါး၏ သမီးတော်ပေလော -

မှတ်ရန် -

သ္မီးတော်နဲ့ သမီးတော်လို့ ရေးပြီး တပါးကိုတော့ နှစ်နေရာလုံးမှာ စသတ်နဲ့ မရေးသားပါ။

ရှင်မဟာရဋ္ဌသာရရေးသားတဲ့ ဝဏ္ဏပဘာအပိုဒ် (၁) မှာ - မူကွဲလား မူလွဲလား မသိသေးပါ။ ၃ မျိုးတွေ့တယ်။ နည်းနည်းစီ မတူကြပါ။ (တင့်) ((မြ) (သား) (အ) (လက်) (ရွှေ) (မြ) (လျက်) (ရည်) /(နီ) (ညွတ်) (ဧ) (ပျံကျလာသို့) (ညတွင်း)။

အပိုဒ် ၁။

(က)

ဝဏ္ဏပဘာ၊ ကလျာဖူးစသစ် ပျိုမျစ်မျစ်လျှင် ကျစ်လျစ်စံပယ် လှမျိုးကြွယ်သား ဆံသွယ်မြိတ်စို့ ဆင်းရောင်ပျို့ကို နတ်တို့ထိုက်ဟန် ဆင်းစုံကြန်တည့် လွန်ရပေခက် ဖြူမြိတ်ရွက်နှင့်

လက်လှထိန်ပြေး ရွှေရည်ရေးသို့ ပျံ့မွှေးအင်္ကျီ ရွှေထဘီနှင့် မျက်စိနားဋောင်း နွဲ့နွဲ့နှောင်းမူ ရောင်မောင်းကွမ်းသွား သက်တင်လားသို့ လက်ဖျားဒန်းရောင် လှတန်ဆောင်မူ မျက်တောင်ကော့သေး စုတ်ဖြင့်ရေးသို့ ကြိုက်အေးကတိုးရည် ထုံမျိုးကြည်၍ နတ်ပြည်မိုးသူဇာ ပျံသက်လှာသို့ ရှုသာတင့်နိုး လှခေါင်မိုးလျှင် ပြစ်မျိုးမှဲ့မထင် နတ်ရုပ်သွင်သို့ ဖြူစင်ရောင်ဝင်း လှမှန်ကင်းကို ညခင်းဆည်းဆာတွင် ကျွန်ုပ်မြင်သည် ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။ 

(ခ) 

ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမြစ်မြစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြရိပ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ဆင်းထိုက်တန်၊ ဆင်းစုံကြန်သား၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်လှထိန်ပြေး၊ ရွှေချည်ရေးသို့၊ ပျံ့မွှေးရွှေအင်္ကျီ၊ ရွှေထဘီနှင့်၊ မြစီရွှေနားတောင်း၊ နွဲ့နွဲ့နှောင်းလျက်၊ ရောင်မောင်းကွမ်းရည်သွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊ မျက်တောင်ကော့ညွတ်သေး၊ စုတ်ဖြင့်ရေးသို့၊ ကြိုင်ဧကတိုးရည်၊ ထုံမျိုးကြည်၍၊ နတ်ပြည်မိုးသူဇာ၊ ပျံကျလာသို့၊ ရှုသာတင့်စနိုး၊ လှခေါင်မိုးလျှင်၊ ပြစ်မျိုးမှဲ့မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းကို ညတွင်းဆည်းဈာတွင်၊ ကျွန်ုပ်မြင်သည် ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့။

(ဂ)

ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြိတ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ထိုက်ဟန်၊ ဆင်းစုံကြန်တည့်၊ လွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့် လက်လှထိန်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးအင်္ကျီ၊ ရွှေထဘီနှင့်၊ မျက်စိနားဋောင်း၊ နွဲ့နွဲ့နှောင်းမူ၊ ရောင်မောင်းကွမ်းသွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းရောင်၊ လှတန်ဆောင်မူ၊ မျက်တောင်ကော့သေး၊ စုတ်ဖြင့်ရေးသို့၊ ကြိုက်အေးကတိုးရည်၊ ထုံမျိုးကြည်၍၊ နတ်ပြည်မိုးသူဇာ၊ ပျံသက်လှာသို့၊ ရှုသာတင့်နိုး၊ လှခေါင်မိုးလျှင်၊ ပြစ်မျိုးမှဲ့မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ရောင်ဝင်း၊ လှမှန်ကင်းကို၊ ညခင်းဆည်းဆာတွင် ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ