စောစောကတင်လိုက်တဲ့ စာတပုဒ်ထဲမှာ အမှား ၂ ခုပါနေခဲ့တာကို တယောက်က ထောက်ပြပါတယ်။
• လာမူကြိုဆီး၊ ထံနီးလုပ်ကြွေး - လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
• တင်းတစည်း ဘယ်လောက်လဲ - ထင်းတစည်း ဘယ်လောက်လဲ
ကျေးဇူး။ ပြင်လိုက်ပြီ။
ကျွန်တော်က ငပျင်း။ တခါတခါ တချို့စာတွေကို တခြားသူတွေရေးထားတာကနေ ကူးယူရတယ်။ မြင်သလောက် မှန်အောင်ပြင်ပြီး သုံးပါတယ်။ မမှားလောက်ပါဘူးထင်တာတချို့ အမှားအတိုင်း တင်မိတယ်။ ဆောရီး။
တခါတခါ နှစ်လည်စာမျိုးပေါ်လာတာကို ကူးတင်တော့ မပြင်ရသေးတာ ဖြစ်နေတတ်တယ်။ မှားရော။
ပြန်ပြင်ရတာကလည်း ၄ နေရာရှိတယ်။ တချက်တလုံးမှားတာနဲ့ ပေတံနဲ့ ၄ ချက်အရိုက်ခံရသလိုဘဲ။
စေတနာနဲ့ ပြင်ပေးနေကြသူတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment