Skip to main content

Am I Wrong? ပေ့ချ် နေရာက ကွန်မင့် တခု

ပေ့ချ် နေရာက ကွန်မင့် တခု
မြန်မာစာမှာ စာလုံးခွဲပြီးမှ ရေးရတာကို မှတ်သားမိပါတယ်ဗျ။ဒါပေမဲ့ ဆရာကြီး ရေးတဲ့စာတွေမှာ မြန်မာစာပေအရ စာလုံးခွဲတာကို သိပ် မတွေ့ရလို့ပါ။
ခု ပိုစ့် အရ ဆိုရင်
• ကိုဗစ်ဆိုရင် ဆေးသုတေသနမလုပ်တာတွေ တော်မေးကြတယ်။ မြန်မာပြည်မှာဖြစ်နေတာကလည်း  တယောက်တမျိုး။
ဆိုတဲ့ အနေအထားမှာ  ဆေးသုတေသန နဲ့ မလုပ်တာတွေ ရဲ့ ကြားမှာ စာလုံး ခြားရမယ်လို့ ယူဆ မိတာဘဲဗျ။(မြန်မာစာပေရဲ့ အစဉ်အလာ အရပေါ့)
စာလုံးပေါင်းက ဘဲ အရေးကြီးတာလား။ 
တော် မေးကြတယ် ဆိုတာက အမှန်လား  တော်တော် မေးကြတယ်ဆိုတာက အမှန်လားဗျ။ပြီးတော့ ပုဒ်ဖြတ် တွေကကော အရေးမကြီးဘူးလို့ ဆရာကြီးက ယူဆ ထားတာလားဗျ
Edit လုပ်ပြီးတော့ မပြင်နဲ့နော်။ကျွန်တော် Screenshot ရိုက်ထားပါတယ် ခင်ဗျ
Maung Zwe လူကြီးမင်းသဘော။ စာရိုက်ကျတာ၊ လွဲတာ တွေ့တိုင်း စည်းနဲ့ကမ်းနဲ့၊ စေတနာနဲ့ ပြင်ပေးနေသူတွေ ရှိတယ်။ သူတို့က ထောက်ပြ ပြင်ပေးကြရင် ပြန်ပြင်တယ်။ သူတို့က ပုံရိုက်ထားပြီး အပုပ်မချကြပါ။ ပြင်စရာနေရာကလည်း ၄ နေရာ။ 
၁။ ရိုးရိုး ဖေ့စ်ဘွတ်၊
၂။ ပေ့ချ်၊
၃။ တယ်လီဂရမ်နဲ့
၄။ ဘလော့ခ်။
ကျွန်တော်က ပြင်ပြီးတာနဲ့ သူတို့ရေးတာကို ဖျက်သွားကြတယ်။ ပြင်ပေးကြတာကလည်း အများအားဖြင့် မက်စင်ဂျာက။
လက်ပ်တော့ကနေ လုပ်လိုက်ရ၊ ဖုန်းကနေ လုပ်လိုက်ရ။ ဖုန်းပေါက်စလေးကလည်း ခက်တယ်။ 
ဖေါင့်ပြင်နေရတာကလည်း တမှောင့်။
မှားတာကို သတိရပြီး ပြင်နေတုန်း အမှားစောင့်၊ အငိုက်ဖမ်းသူတွေက ထောက်ပြနေကြပြီ။ နောက်ကျသွားပြီ။ လက်ကလည်း စက်မဟုတ်။
ဟိုအရင် ၁၀ နှစ်လောက်က ရေးခဲ့တာတွေမှာ ပြင်စရာတွေ ပိုများခဲ့တယ်။ အမှားမပါ ဒေါက်တာတင့်ဆွေ မဟုတ်လို့ ခဏခဏတင်ပြရသေးတာ။
ယတိဘေဒ ခေါ် ပန်ကျူယေးရှင်းစာ ၃ ခုလောက် တင်ထားတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ