Skip to main content

ယောက် နှင့် ရောက်

ပို့စ်တင်ထားသူ ဝန်ထမ်း အယောက် ၂၀ ရောက်ကြပြီလား။

၁။ ဆရာ မင်္ဂလာပါ ကျွန်တော့အသက် ၄၀ နှစ်ပါ ညအိပ်ပျော်နေရင်း အာခေါင်ခြောက်လို့ပါဆရာ ဘယ်ဘက်လည်ပင်းနဲ့ ဘယ်ဘက်ချိုင်းနားတလျောက်နာကြင်မူ့လည်း ဖြစ်ပေါ်နေပါတယ်ဆရာ ရိုသေစွာဖြင့် မေးလိုက်ပါတယ်ခင်ဗျာ သား ၁ရောက် အိမ်ထောင်သယ်ပါဆရာ။

နာကျင်မှုလို့ရေးရတယ်။ တယောက်လို့ရေးရတယ်။ မှုမှာ (့) မလိုအပ်ပါ။

၂။ ကလေးတရောက်၏ အစားအစာ။

တယောက်လို့ ရေးရ။ ဥပမာ ဆေးရုံသို့ လူနာတယောက် ရောက်လာသည်။

ယောက်

ခွက်ယောက်ပန်းကန်

ဂယောက်ဂယက်

တညင်းလုံးယောက်

တယောက် နှစ်ယောက်

ပုဆိုးကိုလည်မှာ ယောက်သည်

ယောကျ်ား

ယောက္ခမ

ယောက်ခမ

ယောက်ချို

ယောက်စောက်မြို့

ယောက်ဖ

ယောက်ဖခွေးခေါ်ငှက်

ယောက်မ (ဆွေမျိုးဆက်)

ယောက်ယက်ခပ်သည်

ယောက်ယက်ဆန်သည်

ယောက်ယား = ယောက်ျား

ယောက်ယီးယောက်ယက်

ယောက်ရိုးတံ

ယောက်လည်တံ

ယောက်လုံး

ယောက်သွား

ရက်ဖေါက်ယောက်

သယောက် = လင်စောင် လင်ငယ်

သေယောက်မြို့

ဟင်းမွှေယောက်မ

ရောက်

ကြားရောက်

ခရီးရောက်မဆိုက်

ဆိုက်ရောက်သည်

ရောက်ချင်သည်

ရောက်စိမ့်ရည်၍

ရောက်ဘူးသည်

ရောက်ရှိသည်

ရောက်ရာပေါက်ရာ

ရောက်ရာဘဝ

ရောက်အောင်သွား

လာရောက်

သွားရောက်

အရောက်အပေါက်

အဝေးရောက်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ