Skip to main content

မှန်ကင်းတလှည့် ထင်းတလှည့်

မှန်ကင်းတစ်လှည့်  ထင်းတစ်လှည့်ဆိုတာ ဘာကို ပြောချင်တာလဲခင်ဗျ

မှန်ကင်းတစ်လှည့်  ထင်းတစ်လှည့်ကိုတော့ မသိပါ။ မှန်ကင်းတလှည့် ထင်းတလှည့်ကို သိတယ်။

မိုးတဆယ့်နှစ်ပါးလင်္ကာ

မှန်ကင်းတလှည့် ထင်းတလှည့်

လယ်ယာလုပ်သား စကားပုံများ (ဟံသာဝတီ ဦးဘရင်)

မှန်ကင်းတလှည့် ထင်းတလှည့်

သစ်သားသည် ပြာသာဒ်၏ အထွတ်အမြတ် နေရာ၌ မှန်ကင်း ဖြစ်ရသည့် အခါ ရှိသကဲ့သို့ မီးဖို၌ ထင်းဖြစ်ရသည့် အခါလည်း ရှိတယ်။ လူ့ဘဝမှာ လောကဓံတရားအရ အထွတ်အထိပ် စံစားရတဲ့အလှည့် ရှိသလို နိမ့်ပါးရတဲ့ အလှည့်လည်းရှိတယ်။

ရွှေမှန်ကင်းအစစ်က မြေယံထင်းဖြစ်ခဲ့လေပြီ

မန္တလေးမြို့ကြီးကို ၁၂၂၁ မှာ တည်ဆောက်တယ်။ ၁၃၂၁ ခုနှစ်မှာ နှစ်တရာပြည့်တယ်။ မန်းရာပြည့် ကျွန်တော်က ၁၁ နှစ်သားရှိပြီ။

မန္တလေးနန်းတော်ကြီးကို သစ်မာနဲ့ ကျွန်းသားတွေနဲ့ တည်ဆောက်ထားတယ်။ မြန်မာဘုရင်နန်းကျပြီးနောက် နန်တော်ကြီးပါ ပျက်စီးတယ်။

မန္တလေးနန်းတော်ကြီးကို မင်းတုန်းမင်းလက်ထက်မှာ ၁၈၅၇ ခုနှစ်ကနေ ၁၈၅၉ ခုနှစ်အထိကြာ တည်ဆောက်ခဲ့ရတယ်။ ၁၈၈၅ ခု နိုဝင်္ဘာလ ၂၈ ရက်နေ့မှာတော့ ဗြိတိသျှကိုလိုနီတပ်တွေက ဝင်ရောက်သိမ်းပိုက်တယ်။ ဒပ်ဖရင်ခံတပ်အဖြစ် ပြောင်းလဲလိုက်တယ်။ ၁၉၄၅ ခု ဒုတိယကမ္ဘာစစ်မှာ ဗုံးဒဏ်ကြောင့် နန်းတော်ကြီး အကုန်နီးပါး ပျက်စီးတယ်။ ပိုက်ဆံပြားထုတ် စက်ရုံနဲ့ နာရီစင်သာ ကျန်တယ်။

မှန်ကင်းဆိုတာ ပြာသာဒ်က တုရင်ထိပ်ဖျားမှာရှိတဲ့ အထွတ်အမြတ် ဗိသုကာအဆင်တန်ဆာဖြစ်တယ်။ နန်းတော်ထဲမှာ ရွှေချထားတဲ့နေရာတွေများတယ်။

၁၃၈၃ ခုနှစ်ရောက်ပြီ။ မန္တလေးသာမက တပြည်လုံးမှာ အများကြီးပြောင်းသွားပြီ။ မြန်မာစာသတ်ပုံလည်းပါတယ်။ မန်းရာပြည့်တုန်းက တရာကို တရာလို့ရေးခဲ့တယ်။ နောက်တော့ စသတ်တွေ။ မြန်မာစာ ရွှေမှန်ကင်းအစစ်က မြေယံထင်းဖြစ်ခဲ့လေပြီ။

မုဆိုးဘိုထီးရိုး ကျိုးတယ်လို့ တင်စားတယ်။ ရွှေဘုံ ရွှေနန်း ရွှေကြငှန်းစုံညီ၊ အားလုံးသည် ပျက်စီးကုန်ကြပြီ။

မန်းရာပြည့်သီချင်း - ရေး - လင်းခေးလုလင်। ဆို မာမာအေး https://soundcloud.com/chan-7/k9exbqw9suhv

https://www.youtube.com/watch?v=4HfSPRJBo6g

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...