Skip to main content

ဖ ဖရုံပေါ တို့ယာတော


ဖရဲပတ်ပျိုး

ဖရဲတတန်း

သဲတလမ်း

သာဆန်းရဂုံဘွေ။ (Ko Nyo Aung)

မိတ်ဆွေတယောက်က ငေးကြည့်လောက်အောင်လှတဲ့ ဖရဲခင်းပုံနဲ့ တင်ထားတယ်။ အခုပုံ မဟုတ်ပါ။

ဒီမှာက တကယ်ရှိ။ ဟိုတနှစ်က အခင်းတွေကို သွားကြည့်တယ်။ ဖရုံခင်း။ ခူးချင် ဆွတ်ချင်တာ တနိုင်ခူး။ အထွက်မှာ ပိုက်ဆံ စတိလောက်စာ ပေးရတယ်။ လမ်းကြုံရင်  ၅ လုံးလောက် သယ်ခဲ့မယ်။

ကျွန်တော်က ဖရုံညွန့်ကို ဗူးညွန့်ထက် ပိုကြိုက်တယ်။ ဖရုံပွင့်ဆို သိပ်ကြိုက်တယ်။ အရေစပ်စပ်၊ ငရုတ်စပ်စပ်၊ ဆီပါလေကာ၊ ငပိကောင်းကောင်းလေးနဲ့။ အပွင့်လေးတွေနဲ့ အတူ အသီကင်းလေးတွေပါ ပါသေးတာ။

ဒေါက်တာတင့်ဆွေ

Comments