လွတ်လပ်ရေးဟု
ရေး မြိတ် ကုန်စင်၊ ချင်းတွင်းဝင်သည်
လုလင် တိုက်ပွဲ ဆိုင်ခဲ့၏။ ။
တော်လှန်ရေးဟု
ရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည်
လုလင် သေနတ် ကိုင်ခဲ့၏။ ။
ပွဲတခုတွင်၊ တိုက်ကင်းပြင်သော်
အရှင် လှလှ၊ ရန်ဓားပြကို
လက်ရဖမ်းလေ၊ မှာလိုက်ချေလည်း
သေမင်းသခင်၊ သွေးနတ်ဝင်သည်
လုလင် မထိန်း နိုင်ခဲ့ပြီ။ ။ (ဇော်ဂျီ)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment