ဆရာ စာလုံးပေါင်း မှန် မမှန် ဂရုစိုက်သလို တိုင်းပြည်ရဲ့ ပညာရေးစနစ် မှန် မမှန်လဲ ဂရုစိုက်သင့်တယ်။
ဟုတ်။ အဘယ့်ကြောင့် စာကိုမှန်အောင်မရေးကြသနည်းစာ တင်ပြထားတယ်။
စာဆိုတာ ပညာသင်လို့သာ တတ်တယ်။ စာဖတ်လို့ ပိုသိလာတယ်။
ပညာဆိုတာ မြန်မာစာတခုတည်းသာမကပါ။ ဘာသာစုံ။
ပညာနည်းတိုင်း စိတ်ကောင်းမနည်းတတ်သလို အတန်းပညာတွေတတ်တိုင်းလည်း စိတ်ကောင်းမရှိတတ်ပါ။
အတန်းပညာနဲ့ စာဖတ်လို့ရလာတဲ့ဆိုတာကလည်း အတန်းကျောင်းမှာ မှန်အောင်သင်ပေးမှနဲ့၊ ဖတ်တဲ့စာအုပ်တွေက စာလုံးပေါင်းသတ်ပုံသာမက အချက်အလက်တွေပါ မှန်မှသာ မှန်နိုင်တယ်။ ပြောင်းပြန်ဆိုရင် ပြောင်းပြန်သာ ရကြပါမယ်။
သတ်ပုံတွေ လွဲအောင်ပြင်ခိုင်းတာလည်း နိုင်ငံရေး။
စစ်တပ်ထဲကလူတွေလည်း စာတတ်ကြတယ်။ စာလည်းဖတ်ကြတယ်။ အယူအဆ အတွေးအမြင်ကသာ မူမမှန်ကြတာ။ တိုင်းပြည်အကျိုးကို မူတည်စဉ်းခြင်း တစက်ကလေးမှ မလုပ်ကြတာ။
မကျန်းမာဘဲ ဘာလုပ်လုပ် အဆင်မပြေနိုင်။ အဲတာကြောင့် နိုင်ငံရေး၊ ဆေးပညာနဲ့ မြန်မာစာတွေ ရေးပါတယ်။ ၁၀ နှစ်ကျော်ပြီ။ ပုဒ်ရေ တသောင်းကျော်ပြီ။
အခြေအနေကောင်းရှိမှာသာ ကောင်းတာတွေသင်လို့၊ ပြောလို့၊ ရေးသားလို့၊ လုပ်ကိုင်ဆောင်ရွက်လို့ ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment