Skip to main content

တောင်ကြီးမြို့ကို အလည်တခေါက် ကိုယ်မရောက်တယ်

တောင်ကြီးဧည့်သည်

ရေး ကိုသက်မှုး

ဆို လားရှိုးသိန်းအောင်

တောင်ကြီးမြို့ကို

အလည်တခေါက် ကိုယ်ရောက်တယ်

ဆွေသစ်မိတ်သစ် စုံလို့ပါပဲကွယ်

ဖော်ရွေလာ သူတွေများထဲမယ်

ပါးချိုင့်ကလေးခွက်လို့ သူပြုံးပြနေတယ်

ချောတယ် ယဉ်တယ် အသက်လည်း ခက်ငယ်ငယ်

တကယ်ပါပဲ မောအလှပျိုနှမရယ်

စေတနာတွေ ပိုရှာလွန်းလှတယ်

ဒါကြောင့်လည်းဘဲ တို့ရင်းနှီးကာရယ်

ကိုယ်လည်းမင်းလိုပါဘဲ ရင်ထဲမယ်

စကားလက်စ ဆုံစည်းလာတော့ကွယ်

အကြင်နာတွေ ပိုကာတိုးလို့ရယ်

မမျှော်လင့်ဘဲနဲ့ ချစ်မေတ္တာတွေ ဖလှယ်

ခုတိုင်မပြယ်နိုင် စိတ်ထဲစွဲကာရယ်

အမူအရာလေး မခို့တရို့ ချစ်ပါသတဲ့ကွယ်

ရင်ဝယ်အို ဘယ်လိုမှန်း မသိတယ်

တမျိုးကြီးဘဲ ခံစားရတယ်ကွယ်

သူကလေး တက္ကသိုလ် ပြန်သွားပါရမယ်

အချစ်ကလေး သွားနှင့်စိတ်အားမငယ်နဲ့ကွယ်

မကြာမကြာ စာမှန်မှန်ရေးကြမယ်

ပညာရေး စနစ်သစ် မွန်မြတ်လှပေတယ်

မင်းလို မကြာခင် ငါလည်းမြို့ပြန်မယ်

စာမျှော်ရင်း လွမ်းစိတ်ဖြေဖို့ရွယ်

ငိုမယောင်ယောင် သူလေးသနားစရာ့ကွယ်

လက်ကလေးဝှေ့လို့ သူနူတ်ခွန်းဆက်ရှာတယ်။   ။

ဒီနေ့တောင်ကြီးစျေးနေ့ (J BOX)

ဒေါက်တာတင့်ဆွေ

Comments