Skip to main content

Comments ကွန်မင့်များ

ကောင်းတယ်၊ ဆိုးတယ်၊ ကြိုက်လိုက်တာ၊ ဆိုးလိုက်တာ၊ သိပ်မှန်တာဘဲ၊ အမှားကြီး စသဖြင့် ပေးကြတယ်။ 

တချို့က မြင်းထိန်းငတာ။ တချို့က ဂိုဏ်းဝင်တွေ။ ကွန်မင့်များတာတွေကို စိစစ်လို့ သိလာတာဖြစ်ပါတယ်။ 

ဆေးခြောက်ပညာပေးစာအောက်မှာ လူတရာကျော်က ဆဲရေးကြတယ်။ တင်ထားတဲ့စာကို ဖတ်ကြတာ မဟုတ်ဘဲ ဆေးခြောက်ဂိုဏ်းဝင်တယောက်က ဆဲတာတွေ့လို့ လိုက်ဆဲကြတာ။

တနေ့ကတင်တဲ့ ကွန်မင့်များတဲ့ အခန်းအနား (အခမ်းအနား) သတ်ပုံစာကလည်း ခပ်ဆင်ဆင်။ တင်ထားတဲ့စာကို ဖတ်ပုံမရ။ အရင်ရေးတဲ့ကွန်မင့်အရ နောက်ကနေသံယောင်လိုက်ကြတယ်။ ရိုင်းရိုင်းစိုင်းစိုင်း။

တချိန်မှာ ကောင်းလိုက်ထာဆိုခဲ့သူတွေက နောက်မှာ ဝိုင်းဆဲကြတယ်။ ဆဲတဲ့သူတွေက သူတို့ဆဲနေတဲ့ အချက်အလက်က ဟုတ် မဟုတ် မစောကြောကြတာများတယ်။ နမူနာအမည်တွေ မထည့်တော့ပါ။

ဖတ်သူများတိုင်း၊ လိုက်ခ် များတိုင်း၊ ဖေါ်လိုဝါများတိုင်း အစစ်အမှန် ဟုတ်ချင်မှ ဟုတ်မယ်။ ကျွန်တော်လည်း ဖေါ်လိုဝါ ၁၂၂ ကေ ရှိသူ။

Blog ကတော့ ရိုးရှင်းတယ်။ အချိန်မရလို့ ကွန်မင့်တော့ ပိတ်ထားတယ်။ စာလာဖတ်တဲ့အကြိမ်ရေ (လူဦးရေ မဟုတ်လောက်) က အတိအကျရှိတယ်။ တင်ထားတာကို ဖတ်ချင်လို့သာ လိုက်ရှာပြီး ဖတ်ကြတာ။

၁။ တို့စာ တို့စကား တို့တိုင်းပြည်မှာ အခုစာရေးနေချိန်အထိ စာဖတ်တဲ့အကြိမ်ရေ ၅၁၈၄၉ ကြိမ်ရှိတယ်။ ဒီစာ မပြီးခင် ပြန်စစ်တော့ အပြောင်းအလဲ မရှိပါ။

၂။ Dr. Tint Swe Medical and Knowledge Writings မှာ အခုစာရေးနေချိန်အထိ စာဖတ်တဲ့အကြိမ်ရေ ၁၄၀၉၈၆၉ ကြိမ်ရှိတယ်။ ဒီစာ မပြီးခင် ပြန်စစ်တော့ ၁၄၀၉၉၈၀ ဖြစ်လာတယ်။ 

လူစည်ကားတိုင်းလည်း ပွဲကောင်းတာ ဟုတ်ချင်မှ ဟုတ်မယ်။

ကနေ့ အုံနဲ့ကျင်းနဲ့ ထောက်ခံချက်ရနေသူတွေကလည်း တကယ်အမှန်ကိုမသိဘဲ ဝိုင်းကြိုက်တယ်လို့ ပြောနေကြတာများတယ်။ သတိထားကြပါလေ။

အပြောလွယ်သူများဟာ ခုချစ်ပြပြီး၊ ခဏနေ ရှေ့ကနေ ဒါးနဲ့ထိုးလေ့ရှိကြတယ်။

စကားလွယ်၊ စာရေးလွယ်သူတွေပေးကြတဲ့ “မဲ” တန်ဘိုးနည်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ