၁။ ဆရာရှင့် အလည်းအ၊ နလည်းနမှာ နလည်းနရဲ့အဓိပ္ပါယ်ကဘာပါလဲဆရာ
အ = ဖျင်းသည်။ နုံသည်။
အလွန်နလွန်းလှ၏။
ထုံ၊ ထိုင်း၊ နုံ၊ အ။
၂။ ဆရာ အနုံ အအ နဲ့ အဏုံအအ နှစ်ခုစလုံး မှန်ပါသလားခင်ဗျာ။
ပါဠိမှာက အဏုံ = ငယ်စွာသော လို့ ဖတ်ဖူးလို့ပါ။
စာတပုဒ်ထဲမှာ နုန်အ တယ်လို့ သုံးထားတာ လဲ တွေ့ဖူးပါတယ်။ အမေးအမြန်းထူမိသည်ကို ခွင့်လွှတ်ပါဆရာ။ တခါတရံမှာ စာအုပ်တွေထဲရှာရင်တွေ့နိုင်မှာ သိတဲ့ကြားက အပျင်းထူပြီး ဆရာ့ကိုဘဲ လွယ်လွယ် အပူကပ်မိတာပါခင်ဗျာ။
နုံချာ
နုံအ
ဏုံ မရှိပါ။ နုန်လည်း မရှိပါ။
ဆာလံကျမ်း - တခါတရံ နုံအစွာဖြင့် ခေါင်းမာတတ်ကြသည်။ ဘုရားသခင်ထံ သင့်နုံအခြင်းကို နာခံခြင်း
ဒေါက်တာတင့်ဆွေ
Comments
Post a Comment