ကျွန်တော်လည်း မှားတတ်တယ်။ အခု ဖရောင်းစာလုံးလိုက်ရှာတာ မတွေ့သေးပါ။
ဖယောင်းချက်
ဖယောင်းဝါး
ပျားဖယောင်း
ဖြားယောင်း
ခြောက်သယောင်း
သစ်သယောင်း
ဝါးသယောင်း
ယောင်းယင်ငှက်
ဖယောင်းတိုင်
ဖ - ဖယောင်းတိုင်၊ ကြာပန်းခိုင်။
(၁)
- ဖ -
ဖဦးထုပ် ဖဦးထုပ်
လူလေးဆောင်းတဲ့ ဖဦးထုပ်
ဦးထုပ်ကလေး ဆောင်းလို့ထိုင်
တခါတုန်းက ဖယောင်းတိုင်
ဖယောင်းတိုင် ဘယ်မှာလင်း
ဟော… သည်မှာလင်း။ (တင်မိုး)
(၂)
သြဘာစာ
မိန်းမ မီးနေ
ခက်ခဲလေကြောင်း၊ အဆိုဟောင်း
ခေတ်ပြောင်း အန်တု။
အသက်နှစ်ခု၊ ချမ်းသာမှုကို
ချွေးဥနဖူး၊ စိန်စီလူး၏
ပန်းခူးလိမ္မာ၊ ပညာကြီးမား
လှုပ်ရှားနုညက်၊ ဖော့လက် ဖယောင်း
ညွတ်ပျောင်း သွယ်နွဲ့။
မရွံ မရှာ
အပြာ အနီ၊ လက်သည်ဝမ်းဆွဲ
နွံထဲ ဗွက်တဲ၊ ရွာလေးထဲမှ
တဲလေး မိုးယို၊ မိုးစိုမမှု
ချမ်းမှု ပူမှု၊ ဂရုမထား။
အူဝဲဂီတ၊ သံချိုမြနှင့်
လောကထဲမှာ၊ ကလေးလာပြီ
ကဗျာ တပုဒ် ပြီးသတည်း။ ။ ကိုလေး (အင်းဝဂုဏ်ရည်)
ကဗျာတပုဒ်ကို ကဗျာတပုဒ်လို့ရေးမှသာ သားသမီးရတနာ ချောမောစွာ မွေးဖွားပါသည်။ တစ်မနေရပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment