(အန္တိမဈာပနပွဲတွင် ရေးဖွဲ့ ပူဇော်သည့်စာ)
မန်းဂီရိန် သောင်းကေတုဆီက၊ (မင်းဂီရိန်-မူကွဲ)
သြောင်း ဟေတု ဟေတူ၊
ဒေါင်းရွှေဥ နေတဆူငယ်၊
ဇေယျတူ သံရင့်။
ကျောင်းဆောင်မြင့် ဝေဇယန်ဝယ်၊
နေရဗာန် လမ်းဖြောင့်ကိုဖွင့်။ ။
ပစ္စည်းနှင့် ပစ္စယုပ္ပန်၊
နှစ်-ရုပ်နာမ် ဒွန်ပွင့်၊
ဖြစ်ချုပ်ဟန် ညွှန်သဖြင့်သာပ၊
ခုနစ်ဆင့် ဗောဇ္ဈင်။
စက်ဘုန်းရောင် သာရွှင်မြူးသော်ကြောင့်၊
ကြာခင်ဘူး ပွင့်မည့်ပြင်ဆင်။ ။
မစိုးရိမ့် ဘုန်းတောက်သခင်ကို၊
ဆုံးနောက်တွင် ပူဇော်သဘင့်တွင်မှ၊
သူတော်စင့် နည်းလောက်စံမှီ၊
ချီးလျှောက်ပြန်ချီ… ။
ကျေးဇူးမြတ် ဂုဏ်စိုင်မဟီငယ်၊
ကုန်နိုင်မည် ထင်ဘူးဘုရာ့လေး။ ။ (မင်းကွန်းဆရာတော်ဘုရားကြီး)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment