နိုးဆော်ချက်လား နှိုးဆော်ချက်လား ဆရာ
သတိပေးနှိုးဆော်ချက်
အသိပေးနှိုးဆော်ချက်
နှိုး
နိုးနိုးကြားကြား
မြန်မာစကားပုံ - ဆင်အိပ်ရာ ဆိတ်နှိုး (မှားနေသည်။ ဆိတ်နိုး ဖြစ်ရမည်။)
မင်းနှိုးလို့သာ နိုးလာတာ ငါ့မှာ အိပ်မက်ကောင်းနေတုန်း။
လာဘ်နှိုးဂါထာ
အိပ်ရာနှိုးတရား
မနက် ၆ နာရီမှာ ငါ့ကို နှိုးပါ
စက်နှိုးပြီးတာနဲ့ ကားချက်ချင်းမောင်းသင့်လား
စားပွဲတင်နှိုးစက်နာရီ
လူထု၏ဒေါသကို နှိုးဆွလိုက်သည့် ထောင်တွင်းကွပ်မျက်မှု
နိုး
မနက်နိုး
ဒေါက်တာနိုးရုပ်ရှင်
နိုး မလိုချင်ဘူး
စိတ်ကြည်လင်စွာ နိုးထလာသည်
နောက်တနေ့၌ အရုဏ်တက်လောက်တွင် အိပ်ရာမှ နိုး၏။ လွန်ခဲ့သော အရုဏ်တက် အိပ်ရာမှ နိုးစဉ်က ချိုသာသော ကြက်တွန်သံကို ကြားခဲ့၏။ လေးနက်သော ကလတက်သံကို ကြားခဲ့၏။ (အနောက်သို့ - မင်းသု၀ဏ်)
“ကိုကို- ကိုကို” ဟု ခေါ်ကာ ခင်သန်းမြင့်က လှုပ်၍ နှိုး၏။ (တုပ်ကွေး - သိပ္ပံမောင်ဝ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment