မော်လမြိုင်အသင်းက အသင်းသူအသင်းသားများကို အလှူအစုစုအတွက် ကျေးဇူးအထူးတင်ရှိပါသည်ဆိုရင် က အသုံးနဲ့ ကို သုံးထားတာမှန်ပါလားဆရာ
မမှားလောက်ပါ။ ဒါပေမဲ့ ပြုလုပ်သူက ဘယ်သူလဲ။ ဒီဝါကျအတိုင်းဆိုရင်တော့ အသင်းကနေ သူ့သင်းဝင်တွေကို ကျေးဇူးတင်သလိုဖြစ်တယ်။
ဟုတ်ပါတယ်။ အသင်းက ကျေးဇူတင်တာပါ။
ဝိဘတ်တွေကို သတိထားသုံးရပါမယ်။
၁။ ကတ္တားဝိဘတ် = ပြုသူ၊ ဖြစ်သူ၊ ရှိသူ၊ သို့မဟုတ် ပြုတတ်၊ ဖြစ်တတ်၊ ရှိတတ်သော အရာကို ပြသည့် ဝိဘတ်ကို ကတ္တားဝိဘတ် ဟု ခေါ်သည်။
က မှာ သည်
သဘာပတိကြီးက မိန့်ခွန်း ပြောသည်။
ဆရာမြမှာ ပင်စင်စားတဦး ဖြစ်သည်။
မောင်ဘသည် စာကြည့်ခန်းထဲ၌ ရှိသည်။
၂။ ကံဝိဘတ် = ပြုလုပ်ခြင်းခံရသောသူ၊ ပြုလုပ်ခြင်းခံရသောအရာကို ပြသည့် ဝိဘတ်ကို ကံဝိဘတ်။
ကို
ဆရာက မောင်လှကို ချီးမွမ်းသည်။
အပေါ်
သူ သူ့မိန်းမအပေါ် ကောင်းရှာသားဘဲ။
သို့
ထန်းတပင်ကျေးရွာသို့ လျှပ်စစ်မီးပေးပြီ။
အား - သို့
ဘုရားသို့ သွားရောက်ဖူးမျှော်ကြသည်။ (သွားတာကို အထူးပြု)
ဘုရားအား သွားရောက်ဖူးမျှော်ကြသည်။ (ဖူးတာကို အထူးပြု)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment