ပို့စ် = ယိုင်နဲ့ အိုဟောင်း
ကွန်မင့်တခု = မြန်မာပြည်မှာ တန်ဘိုးရှိသောပြကွက်များမရှိကြတော့ဘူးလားဗျာ မီးမောင်းထိုးပြတယ်ဆိုတာ အမှောင်မှာမတော်တာလုပ်နေတာထက် အမှောင်မှာ အမှန်တရားများ လုပ်နေတာကိုပြတာ ပိုမကောင်းဘူးလား
တိုင်းပြည်မှာ ကောင်းတာတွေကိုသာ ဖတ်လိုရင် ကြေးမုံကိုဖတ်ပါ။ မြင်လိုရင် မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ပါ။
အရင်ကတော့ လုပ်သားပြည်သူ့နေ့စဉ်မှာ ဆိုရှယ်လစ် ၅ နှစ်စီမံကိန်းတွေ နေ့တိုင်အောင်မြင်နေကြာင်း ဖတ်ခဲ့ရတယ်။ ၁၉၈၇ ကျတော့ LDC ဖြစ်ပါသတဲ့။
စာတပုဒ်ထဲမှာ ရှိရှိသမျှ အကောင်းရော အဆိုးပါ ထည့်မရနိုင်။
ကျွန်တော်က သတင်းဌာနကလည်း မဟုတ်။
တရက်တည်းမှာ ဆေးအလှူပို့စ်လည်း တင်တယ်။ စတုဒိသာပို့စ်လည်း တင်တယ်။ ပံသုကူစာလည်း တင်ပါတယ်။ ကင်ဆာမေးခွန်းလည်း ဖြေရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment