Skip to main content

လိုဏ်ဂူ

လှိုင်ဂူ လား လိုဏ်ဂူ လား လှိုဏ်ဂူ လား ဆရာ စာလုံးပေါင်းအမှန်သိပါရစေဆရာ။
လိုဏ်ဂူ = (လေဏ > လိုဏ် + ဂုဟား > ဂူ) = လိုဏ်ဂူ၊ လိုဏ်ခေါင်း။
လိုဏ်ဂူ = လူတို့ပြုပြင်အသုံးပြုလေ့ရှိသော တောင်ခေါင်း။ လူတို့တည်ဆောက်ထားသော အလျားရှည်သည့်တွင်းခေါင်း အဆောက်အအုံ။
မြောက်သို့ဂူဝလှည့်လျက်တည်သော လိုဏ်ဂူတွင်း၌။ ခုံနန်။ ၁၉၉။
မဟာပါသဏလိုဏ်ဂူတော်
အဇန္တလိုဏ်ဂူများ သည် အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ် အော်ရန်ဂါဘတ်ခရိုင်တွင် တည်ရှိသော ဘီစီ ၂ရာစုမှ အေဒီ ၄၈၀ ခုနှစ်အတွင်း ကျောက်ဂူကို ထွင်းထု တည်ဆောက်ခဲ့။ 
ရန်ကင်းတောင် + ငါးရံ့မင်းလိုဏ်ဂူ
မြန်မာပြည်က ထင်ရှားတဲ့ လိုဏ်ဂူကြီး (၁၀) ခု
ထိုင်း လိုဏ်ဂူထဲ လူ ၁၂ ယောက် ပျောက်ဆုံး
- သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူ(လိုဏ်ဂူ)တော်
- ဗုဒ္ဓဘာသာဆိုင်ရာ လှိုဏ်(လိုဏ်ဂူ) ဂူများ ဖြစ်ကြသည်။ 
- မြန်မာပြည်ရဲ့ အထင်ကရလှိုဏ်ဂူ(လိုဏ်ဂူ)ကြီးများ
- သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူ(လိုဏ်ဂူ)တော်
- မဟာပါသာဏလှိုဏ်ဂူ(လိုဏ်ဂူ)သိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ကြည့်ရှု့(ကြည့်ရှု) စစ်ဆေးခဲ့ကြောင်းသိရ
- “ဆဌသံင်္ဃာရတနာတင်ကမ္ဘာအေးလိုင်ကူ။သာသနာကြီးဆက်လက်တည်တန့်ပွားများပါစေ” လို့ တင်ထားတာကို ဖတ်ရပါတယ်။
အဲဒီထဲမှာ သတ်ပုံပြင်စရာ (၃) ခုရှိပါတယ်။ (ဆဋ္ဌမ)၊ (သင်္ဂါယနာ/သံဂါယနာ) နဲ့ (လိုဏ်ဂူ) ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ