Skip to main content

ဟက်ပီးနယူးယီးယား လုပ်ကြတယ်

အိမ်ပြင်မှာ နှစ်ကူးသွားပြီ။ တီဗွီထဲမှာလည်း နှစ်ကူးသွားပြီ။ နာရီတွေမှာလည်း နှစ်သစ်ရောက်ပြီ။

ဒေါ်မြမြအေးကတော့ ဘုရားစင်ရှေ့မှာ မိသားစုတခုလုံးအတွက် ဆုတောင်းပြီးပြီတဲ့။

လာနိုင်သမျှ မိသားစုအကုန် အိမ်လာညစာစားကြတယ်။ သမီးက မနေ့ကတည်းက စီမံနေတာ။

ငယ်စဉ်ကတော့ ဒီဇင်ဘာ ၃၁ ရက်ညဆိုပြီး ထူးခြားမှုကို သတိမထားခဲ့ပါ။ ဆေးကျောင်းရောက်တော့ တနှစ်တလေ သိတယ်။ တောမှာဆရာဝန်လုပ်စဉ်ကတော့ ဂရုမစိုက်အားပါ။ နှစ်ဆန်းတရက်မှာ လာတဲ့ရောဂါ နှစ်ပေါက်လာမှာကိုတော့ စိုးရိမ်တတ်ခဲ့ပါတယ်။ ဆရာဝန်လည်း အယူသီးတာဘဲ။ နယူးဒေလီမှာတော့ သားဖွားလူနာစောင့်ရင်း နှစ်ကူးတာမျိုးရှိခဲ့သေးတယ်။

စောစောက ကလေးတွေ အိမ်ပြင်မှာ ဗျောက်ဖောက်နေကြတာကို တံခါးချပ် အသာလှပ်ကြည့်လိုက်တယ်။ အပြင်မှာ အတော်ကိုအေးတော့ မထွက်ရဲပါ။ ၃၂ အက်ဖ်။ ရေခဲအမှတ်။

၂၀၂၃ ခုနှစ်အတွက် နောက်ဆုံးရတဲ့ မေးခွန်း

၁။ ဆရာ မင်္ဂလာပါရှင့် သမီးလေး gall stone in gall bladder 12.7mm ရှိပါတယ်ရှင့် ခွဲစိတ်ရန် လိုမလိုနှင့် ခွဲစိတ်ပြီးနောက်လိုက်နာရမည့် အချက်များကို မေးမြန်ချင်လို့ပါရှင့်

ဖြေလိုက်ပြီ။

၂။ ဟဲလို ဆရာ သွားဖုံးကင်ဆာက ဘယ်လို လက်ခနာတွေပြလဲရှင့်

ဘလော့မှာ ဖတ်နိုင်။ 

မေးတဲ့သူ (ဖြစ်တဲ့သူ) ကလေး-လူကြီး-အသက်-ကျား-မ အချက်အလက်နဲ့ မမေးရင် အဲလိုသာ  ဖြေပါတော့တယ်။

၂၀၂၄ အတွက် ပဌမဆုံးမေးခွန်း ဘာဖြစ်မလဲ။

ကျွန်တော် ရေးလက်စ စာလေးတပုဒ် ဆက်ရေးနေချိန်မှာ နေ့ကူး၊ လကူး၊ နှစ်ကူးသွားပါတယ်။

လာကြတဲ့ကလေးတိုင်းက အပြန်မှာ ဟက်ပီးနယူးယီးယား လုပ်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ