ငါတို့နိုင်ငံ
မိုးသောက်ယံဖြစ်ပါစေ...
ညအမှောင်ပျောက်၍
လရောက်တောက်ပါစေ...
အမျက်အအီ အဆိပ်ပြေ၍
ချစ်နှစ်သက်ဖွယ်ဖြစ်ပါစေ...
လမ်းဖုန်ဖုန်ဖွင့်၍
ပန်းအစုံစုံပွင့်ပါစေ...
အကြောက်တရားကြောင့်
ချောက်ချောက်ချားချား
မှောက်မှောက်မှားမှားကင်းပ၍
အလင်းရပါစေ...
အမှောက်အဖျက်
အနှောင့်အယှက်ဟူ၍မရှိ
ပကတိငြိမ်းချမ်း၍
စိမ်းလန်းသောနိုင်ငံတော်ကြီးဖြစ်ပါစေ...
ဤစေတနာ မေတ္တာပွားသည့်
သစ္စာစကားကြောင့်
ကျောက်သားပမာ မြဲခိုင်သည့်
တို့နိုင်ငံကြီး ပေါ်ပေါက်ပါစေသတည်း ...။ ။ (တင်မိုး)
ဆရာတင်မိုးက အဲလိုဆုတောင်းခဲ့တယ်။ ကြည်အောင်မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွာလှသည်မဟုတ်လို့ လူထုဒေါ်အမာကလည်း ဆုတောင်းခဲ့သေးတယ်။
၂၀၂၃ ခုနှစ်အကုန်ထိတော့ လမင်းတရာစာလုံးရေးတာတောင် မမှန်နိုင်သေး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment