ကျေးဇူးတင်ပါတယ်ဆရာ။ အခု သမီးလေး ၆နှစ်အရွယ် အွန်လိုင်းကျောင်းတခုကနေ မြန်မာစာသင်တာ "တစ်ခု တစ်ကြိမ် တစ်ခါ" ဆိုပြီးသင်နေတာ သူတိုကျောင်းကို စာပိုပြီး "တခု တကြိမ် တခါ" ဆိုပြီးစိစစ်သင်ကြားပေးဖိုတောင်းဆိုတာ ကျောင်းအုပ်ကိုယ်တိုင်က "တစ်ခု တစ်ကြိမ် တစ်ခါ" က ခတ်သစ်ရေးနည်းဆိုပြီးပြောလာလိုပါ။ ဘယ်လိုများ သက်သေပြပြီးပြန်ပြောလိုရနိုင်မလဲခင်ဗျ။
(၁)
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)၊ စာမျက်နှာ (၉၅)
ဘုရားရှိခိုးစာ အောက်တော့ဒိတ် ဖြစ်သွားပြီလား။
(၂)
အနီးစပ်ဆုံး ဥပမာတခုက လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထားကို ဖတ်ပါ။ လွတ်လပ်ရေးက ဟောင်းပြီလို့ ပြောချင်ကြသလား။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment