Skip to main content

ရန်ကုန်သူရန်ကုန်သားများ ဘုရားဖူးသွားကြခြင်း

ဖေါ့ဦးထုပ်နဲ့ ခေါင်းပေါင်း

ဘောင်းဘီတိုနဲ့ ဘိုကေ

မြို့သူနေသူအမောက် မတောသူဆံတောက်။

တိုက်ပုံနဲ့လူ လွယ်အိတ်ပခုံးလွယ်သူ

ထက်သူ ဆင်းသူ ထိုင်နေသူ

ပန်းရောင်းသူ ပန်းဝယ်သူ။

စပယ်ပန်းကုံးနဲ့ ပုတီးကုံး

သနပ်ခါးခြေဆုံးနဲ့ ပေါင်ဒါဖြူသုံး

ရင်ဖုံးအင်္ကျီနဲ့ ပွင့်ရိုက်ထဘီ

ဆရာလေးသည် ပန်းနုသွေးနဲ့မဟုတ်။

သူတို့သည် ကျွန်တော်တို့ထက် လောဘ ဒေါသ မောဟ နည်းကြပေလိမ့်မည်။

(ပုံအတွက် ကျေးဇူး။)

ဒေါက်တာတင့်ဆွေ

Comments