Skip to main content

ပင်ပန်း

ပင်ပန်း ပန်းပင်
၁။ စိတ်ပမ်းတယ်ဆိုတာမှန်သလားဗျ စိတ်ပန်းလား အဖြေမရှင်းလို့ပါ မြန်မာစာမြတ်နိုးသူတစ်ယောက်မို့မေးတာပါ သတ်ပုံတော်တော်လေး လေ့လာသင်ယူနေပါတယ် စိတ်ပန်းတယ်ကို အမှန်ထင်နေလို့ပါ စာအရေးအသားမှာရော ရှိလို့လားဗျ စိတ်ပူတယ်လို့ဘဲ့ တွေ့ဖူးတာဆိုတော့ ပင်ပမ်းတယ်လို့တော့ တွေ့ဖူးပါတယ်ဗျ
၂။ တင်ထားတာတခုက ပင်ပမ်းနေပါစေ လိုရာရောက်ဖို့ ကျွန်တော် ရှေ့ဆက်နေရမယ်တဲ့။ ပင်ပမ်းလို့ရေးတာ မှားနေတယ်။
၃။ ပင်ပမ်းနေချိန် ကဗျာတစ်ပုဒ်ဖတ်ရတာလောက်အရသာ ရှိတာမရှိပီ
တစ်ပုဒ် မမှန်ပါ။ ပီ မှားတယ်။ ပင်ပန်းနေချိန် ကဗျာတပုဒ်ဖတ်ရတာလောက် အရသာရှိတာ မရှိပြီလို့ ရေးရတယ်။
၄။ ပင်ပမ်းသမျှလို့ ရေးတာတခု တွေ့လိုက်တယ်။ ပင်ပန်းလို့ ရေးရတယ်။
အခုခေတ်မှာ မြန်မာစာကို ဓါတုဗေဒလို ဖေါ်မြူလာတွေနဲ့ သင်နေတယ်။ သိသလောက် ပုံသေနည်း ၄-၅ ခု ရှိတယ်။ ခြွင်းချက်တွေပါနေတယ်။ ဖေါ်မြူလာဆိုတာ အမြဲ မှန်ရတယ်။ အောက်စီဂျင် ၂ လုံးနဲ့ ဟိုက်ဒဂိုဂျင် ၁ လုံး ပေါင်းမှသာ ရေ ဖြစ်တယ်။
ကျွန်တော်တို့ဆရာ ဘုတလင်ချစ်လေးက သတ်ပုံအတွက် အသေမှတ်စရာ တခုသာ သင်ပါတယ်။ ပင်ပန်း ပန်းပင် တဲ့။
အခုထိ မမေ့တော့၊ မမှားတော့ပါ။ အဲလိုအမြဲမှန်တာကိုသာ ဖေါ်မြူလာ ပုံသေနည်းလို့ခေါ်တယ်။ အခုခေတ်သင်နေတဲ့ မြန်မာစာပုံသေနည်း ၄-၅ ခု မမှန်ပါ။
- ရေတွက်လို့ရရင် တစ် - မှားတယ်။ တပြား၊ တပဲ၊ တမတ်၊ တကျပ်၊ တဆယ်၊ တရာတန်တွေ တရားဝင်ထုတ်ခဲ့တယ်။
- မ နောက် ဘဲလိုက် - မမှန်ပါ။ ပန်းပန်လျက်ဘဲ။ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်။
- ကလေးဗူးမှုတ်တာကလွဲရင် ဘူး - မဟုတ်ပါ။ ဗူးဘုရား ပုဂံမှာရှိတယ်။
- ခဂငဒပဝ မောက်ချနဲ့ရေးရအထိတော့ မှန်သေးတယ်။ ကျန် ၂၇ လုံးကို မောက်ချမသုံးရဆိုရင် မှားပြီ။ ဓါတုကလျာ၊ ဓါတုဗေဒ။
ဖေါ်မြူလာဆိုတာ အမြဲ မှန်နေရတာမျိုး။ H2O ရေ။ H2O မဟုတ်ရင် ရေမဖြစ်ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ