Skip to main content

တပွဲ တခါပြင်

  • မနေ့က ဆိုင်းဘုတ်ကို သတ်ပုံမှန်အောင်မရေးတဲ့ဆိုင်ကို သွားမစားချင်ပါလို့တင်ပြတော့ ဘယ်ဆိုင်မှ သွားမရနိုင်လို့ ကွန်မင့်တခု တွေ့ရတယ် ကျေဇူး။
  • အဲလိုမျိုးဆို ဆရာဘဲငတ်ပါလိမ့်မယ်၊ မှားလိုက်တဲ့သတ်ပုံတွေဆရာရယ်။ ကျမလည်းဆရာ့လိုရင်မောရတယ်ရှင်။

ဟုတ်။

၂၀၁၈ ခုနှစ်က မြန်မာပြည်ကိုအလည်ပြန်တော့ မုံရွာမှာ တခါပြင် ၈၀၀ ဆိုင်တွေ့ပါတယ်။ မုံရွာမှာဘဲ ထပ်တရာကို ထပ်တရာလိုစားမည်ဆိုင်လည်း ရှိတယ်။

ဘယ်အရာဖြစ်ဖြစ် မစစ်တာတွေများပြီး စစ်တာ ရှားတယ်။

မမှန်တာတွေပေါပြီး မှန်တာနည်းတယ်။

လူတိုင်းကလည်း ရှိရှိသမျှဆိုင်တွေ သွားမစားကြပါ။ ကိုယ်ကြိုက်တာ ကိုယ်တတ်နိုင်တာကိုသာ ရွေးစားတယ်။

ကျွန်တော်လည်း ကိုယ့်အကြိုက် ရွေးတတ်ပါတယ်။

၁။ ၂၀၁၈ ခုနှစ်ကအလည်ပြန်တော့ မုံရွာ တက္ကသိုလ်ရှေ့က ဂျိမ်းဖောသူ မြန်မာထမင်းဆိုင် တခါပြင် ၈၀၀ ကျပ် တွေ့ခဲ့တယ်။

၂။ တပွဲမှ ၈၀၀ နဲ့ မနက်စာလေးရပါပြီ ပါဆယ်ဆို ၁၀၀၀ ပါနော် အော် ဗမာကြက်နဲ့နော်ချက်ထားတာ (နဂါးနီ စားသောက်ဆိုင်)

ကြော်ငြာက ကျောက်ပန်းတောင်းကလို့ ထင်တယ်။

၃။ သောက်နေကျစျေးထဲက ကော်ဖီ ၁ ခွက် ၁၀၀၀ိ ထပ်တရာ ၁ ပွဲ ၁၄၀၀ိ (၂၀၂၂ စက်တင်ဘာလတုန်းက တွေ့တာ)

၄။ မိသားစု ထပ်တရာဆိုင်မှ ထပ်တရာ ၃၅၀ ကြက်ဥ ထပ်တရာ ၆၀၀ (၂၀၂၂ အေပြီလတုန်းက တွေ့တာ)

ပန်းခရေ အသင့်စား ရှမ်းခေါက်ဆွဲ (တပွဲစာ)

- Shwe@Brunei ဒန်ပေါက်တပွဲတဒေါ်လာ စားကြအုံးမလားဗျာ

- တီနုလက်ရာ - အင်္ဂါနေ့အတွက် ရှယ်ကြက်ပဲဟင်း တပွဲ-၇၀၀၀

- ပန်းခရေ အသင့်စား အုန်းနို့ခေါက်ဆွဲ (တပွဲစာ)

- Foodie's Beat - ပုစွန်ထုတ်ဟင်းတပွဲ3000/3500

- ဗန်ဒါရိပ် - မာလာရှမ်းကော တပွဲ- 3000 ကျပ် (ရှယ်တန် ရှယ်ဆွဲ)

- YLS စပန့်လက်လီရောင်းဝယ်ရေး - Hello မုန့်ဟင်းခါးမှာချင်သူများတပွဲ 1000ကိုပဲကြော်နဲ့အီကြာကွေး

- တီနုလက်ရာ - ရှယ်ဆိတ်ပဲဟင်း တပွဲ-၁၀၀၀၀

- ဝါးတီး Time - ပရီမီယမ်သင်ပေါင်းပိုး (10) ကောင် တပွဲ - 8000

- Show - ခုခေတ် ကုန်စျေးနှုန်းတွေအရမ်းတက်နေချိန် မာလာရှမ်းကောကြက်သားနဲ့ တပွဲကိုမှ 5000 ဆိုတာ

အဲလိုဆိုင်တွေလိုက်ရှာပြီး စားရမှာဘဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ