2024 Happy New Years တဲ့ တွေ့လိုက်သေးတယ်။ ကာလာတွေ ဒီဇိုင်းတွေနဲ့။ ဆေ့ဖ်လုပ်မထားအားလို့ မပြနိုင်ပါ။ အနီရောင်နောက်ခံနဲ့ အကျအန။ ဂူဂယ်မှာတော့ မတွေ့။ မြန်မာပြည်မှာသာ ရနိုင်တယ်ထင်တယ်။
၂၀၂၄ ပါတော့ ဗဟုဝုဒ်ကိန်း ထင်လို့ ထည့်တာလားမပြောတတ်။
တချို့က အင်္ဂလိပ်စာလေ့လာနေလို့ မြန်မာစာအားနည်းတာဆိုဘဲ။
ဘိုစာ မှားရေးလည်း လူကြိုက်များတဲ့ခေတ်။
တရားစာ မှန်အောင်မရေးလည်း တပည့်သာဝက များလှတဲ့ခေတ်။
တစ်ရုတ်စကားတတ်ရမည်လို့ အလုပ်ခေါ်စာလည်း တွေ့တယ်။
မြန်မာစာကိုမှန်အောင်ရေးရမည်လို့တော့ တကြိမ်တခါ တနေရာမှ မတွေ့ဘူးသေးပါ။ မြန်မာစာ မှန်အောင်မရေးတတ်လည်း နိုင်ငံတော်အဆင့်အလုပ်ရနိုင်တဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment