Skip to main content

NCGUB တရားခံ၏ လျှောက်လဲချက်

တချိန်က စင်ပြိုင်အစိုးရ မှတ်တမ်းများ

ကွန်မင့်တခု = အလံ အသစ် မရွေးခင်တုန်းက ပုံလား ဆရာ။

ဟုတ်တယ်။ အဲဒီအစည်းအဝေးနောက်မှသာ အလံသစ်ဖြစ်လာပါတယ်။

ကွန်မင့်တခု = လုပ်တော့လုပ်ခဲ့ကြတယ် အောင်မြင်မှုတော့မရခဲ့ဘူးလို့ပြောလို့ရမယ်နော်ဆရာ

စာတပုဒ်လည်း တင်ပြထားပါတယ်။ ယှဉ်ပြိုင်ခြင်းသည်အဓိက။

ကျွန်တော်တို့က အတန်းတင်စာမေးပွဲ ဝင်ဖြေကြသလို မဟုတ်ပါ။ ကျောင်းသက်ကတော့ အနှစ်နှစ်ဆယ် ကြာတယ်။ အတိအကျဆိုရင် ၂၁ နှစ်၊ ၈ လနဲ့ ၆ ရက်ကြာမြင့်ပါတယ်။

စာမေးပွဲအောင်တဲ့ကျောင်းသားတိုင်း နောက်နှစ်မှာ အတန်း တက်ကြရတယ်။

ကျွန်တော်တို့က အရံကျောင်းသားနဲ့တူတယ်။ ကျောင်းသားအစစ်က ပြည်တွင်းမှာ။ အများစုက ထောင်ထဲမှာ၊ တချို့က နေအိမ်အကျယ်ချုပ်။ တချို့ကလည်း ကျောင်းစာရင်းက နှုတ်ထွက်ထားကြတယ်။

ဆယ်စုနှစ် ၂ ခုကြာတော့ နေအိမ်အကျယ်ချုပ်ကျနေသူ လွတ်မြောက်၊ ထောင်ထဲကလူတွေလည်း လွတ်လာချိန်မှာ ကျွန်တော်တို့ဟာ စာမေးပွဲဆက်မဖြေကြတော့ပါ။ ဆက်လက်တာဝန်ယူစရာ မလိုတော့သူတွေ ဖြစ်လာပါတော့တယ်။ 

ကိုယ့်ပါတီ၊ ကိုယ့်လူတွေ တာဝန်တွေရလာကြချိန်မှာတော့ ကျွန်တော်တို့လည်း တိုင်းပြည်ကို အလည်ပြန်ခွင့် ရတာကို ဆုကြေးလို့ သဘောထားပါတယ်။

ကျွန်တော်တို့ထဲက ၂ ဦးကတော့ အသက်ပေးလှူသွားကြတယ်။ အသက်ဆက်ရှင်နေသေးတဲ့ ကျွန်တော်တို့လည်း အတန်းမတက်ကြရပါ။

NCGUB ယှဉ်ပြိုင်ခြင်းသည်အဓိက (သို့မဟုတ်) အဝေးရောက်အစိုးရ https://dr-tint-swe.blogspot.com/2021/12/ncgub.html

ကျွန်တော်တို့လိုလည်း လုပ်ကြပါ။ ကျွန်တော်တို့လိုလည်း မလုပ်ကြပါနဲ့။

ပုံ = တတိယမြောက် ကက်ဘိနက်အဖွဲ့ဝင်များ ကျမ်းသစ္စာဆိုကြခြင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ