မြန်မာနှစ်သစ်ကူးအတွက်သာ ကဗျာတွေ၊ သီချင်းတွေ များတယ်။ ပြက္ခဒိန်နှစ်သစ်ကူးအတွက်တော့ ဂန္ထဝင်အဆင့် စာတွေပေတွေ ရှားတယ်။
ကောင်းစေလို့တဲ့အလိုဆန္ဒနဲ့ ဆုတောင်းကြတာ သင့်မြတ်ပါတယ်။
အနာဂတ်ကို မျှော်တွေးခြင်း၏ အကောင်းဆုံးသောနည်းလမ်းဆိုတာ အဲဒါကို ဖြစ်မြောက်အောင် ဖန်တီးခြင်းဖြစ်တယ်။ (လင်ကွန်း)
လက်တွေ့ကျတာကို ရေးချင်ပါတယ်။
အသက်ဆက်လက်ရှင်သန်ရေးက ပဌမဦးစားပေး။
ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ မိသားဝင်တွေဖြစ်စေ။ မိတ်ဆွေသူငယ်ချင်းတွေကိုဖြစ်စေ။
သက်ရှိသတ္တဝါဟူသမျှ ဘယ်ဘုံကဖြစ်ဖြစ် ကိုယ့်အသက်ကို ရှင်နေချင်ကြတယ်။ ပါဠိစာလုံးတွေ မထည့်တော့ပါ။
အထူးသဖြင့် နေရပ်ဒေသကို စွန့်ခွာရှောင်ပြေးနေကြသူတွေ အသက်ရှင်သန်ကြပါစေသတည်း။
လူနာကုတင်ပေါ်မှာ ဆေးကုသမှုခံယူနေကြသူတွေ အသက်ရှင်သန်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment