- ဗုဒ္ဓကရှင်းတယ်၊
- ဘုရားကပြတ်တယ်၊
- ဂေါတမက လိုက်လွှင့်တယ်၊
စတဲ့အရေးအသားတွေ -
မသင့်လျှော်ပါခင်ဗျား၊
မသင့်လျော်ပါဘုရား။
‘တ’ ရေးရေး ‘တစ်’ ရေးရေး ‘ပညတ်’ ဆိုတာလည်း သဘောမတူပါ။
အထက်ကစာကို ရေးချင်ရာရေးပြီး အောက်ကနေ 'ဗုဒ္ဓ' လို့တင်တာတွေလည်း တချို့က မှားနေတယ်။
ဗုဒ္ဓဘာသာအတွက်သာမက တခြားဘာသာတွေ ရေးကြတာကို အဲဒီဘာသာကို တတ်သိသူတွေက မှားတဲ့အကြောင်းတွေ ပြန်ပြောတာမျိုး ကြားရတယ်။
ကိုယ်မတတ်တာကို ဆရာ မလုပ်သင့်ကြပါ။
အထူးသဖြင့် ဘာသာတရားတွေကို မစော်ကားသင့်ကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment