Skip to main content

သတိပေးပါဦးမည်

အသိတယောက်က တင်ထားတာ။ 

အဲလိုစာကို တင်တဲ့သူ အဆဲခံရနိုင်သည်။ မှားရေးသူတွေကိုတော့ သြဘာပေးကြမည်။

နဝတ လက်ထက် စာပေစိစစ်ရေးခေတ်မှာ တဝမ်းပူတွေကို စသတ်စေလုပ်တော့ ငြိမ်ဝပ်ပိပြားစွာ လိုက်နာ ရေးသားသူက များခဲ့သည်။ 

နဝတ ပြုတ်ကျရေးသာအရေးကြီးတယ်၊ သတ်ပုံကိုနောက်မှဟု သဘောထားခဲ့ကြသူတွေဖြစ်ပါသည်။

အခု အဲလိုရေးတာက တရားဝင်ဖြစ်တယ်လို့ ဘုန်းတော်ဘွဲ့တွေရေးနေသူတွေက နှယ်နှယ်ရရ မဟုတ်ကြပါ။ ရာထူး၊ ဘွဲ့ထူး၊ တာဝန်ထူးတွေ ရနေသူတွေဖြစ်ပါသည်။

ထိုသူတွေဟာ စောစောလိုပြောကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါသည်။

စစ်အုပ်စုခေတ်လွန်သော် "ထော်လှံယေးဂျီး ပီးB" လို့ရေးကြပါလိမ့်မည်။

ဒီဇိုင်းရေးဆွဲသူ ကန်တော့ + ဆောရီး။

အမှားဆိုတာ ပြင်လိုက်တာနဲ့ ချက်ချင်းမှန်သွားတယ်။

ဒေါက်တာတင့်ဆွေ

Comments