၂၀၁၈ ခုနှစ်က မြို့သာတိုက်နယ်ဆေးရုံက ခွဲစိတ်ခန်းလေးကို ပြန်ရောက်ပါတယ်။ ပင့်ကူမျှင်တွေလွတ်အောင် ငုံ့ဝင်ရတယ်။
ကျွန်တော့ဆေးပညာနဲ့ နိုင်ငံရေးအတိတ်ကလည်း ဇွဲမလျော့တဲ့ ပင့်ကူလေးလို။
မြို့သာဟာ ကျွန်တော့ဘဝမှာ အထင်ကရကဏ္ဍတခုဖြစ်ပါတယ်။ ဆရာဝန်ဖြစ်စ မုံရွာဆေးရုံပြီးတော့ တောနယ်မှာ တယောက်တည်းတာဝန်ယူရတယ်။ အငယ်ဆုံးကလေး ၂ ယောက်က မြို့သာမှာမွေးကြတယ်။
ဘားတိုက်လိုလို တဲတန်းကြီးကနေ အုတ်တိုက်ဆေးရုံလေးတခုဖြစ်အောင် နယ်ခံတွေနဲ့အတူ ကြိုးပမ်းဆောက်နိုင်ခဲ့တယ်။
၂၀၁၈ ခုနှစ်မှာ အလည်ပြန်တော့ ရောက်အောင်သွားခဲ့တယ်။ မြို့သာမှာနေသူတိုင်းက အခုထိ အမျိုးတွေအတိုင်းဘဲ။
မြို့သာမှာ တာဝန်ကျတော့ သက်က ၂၈ နှစ်သာရှိသေးတယ်။ ဆေးကုသမှုအတွေ့အကြုံ အတော်နည်းသေးတယ်။ လူလားမြောက်တဲ့ဆရာဝန်ဖြစ်အောင် မြို့သာအတွေ့အကြုံတွေက သင်ပေးလိုက်တာ။ ကျေးဇူး။ နေကောင်းကြစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment