Skip to main content

နဲ့ နှင့်

မင်းနဲ့ငါ မင်းနှင့်ငါ ဘယ်ဟာအမှန်လဲဆရာ။

စကား နဲ့ စာ၊ စာ နှင့် စကား ဖြစ်ပါတယ်။

ကျွန်တော်တို့စာနဲ့စကားက အင်မတန်လေးနက် ကျယ်ပြန့် နက်နဲတယ်။ သေသေချာချာလေ့လာမှသာ သိနိုင်တယ်။ စာလုံးပေါင်းသတ်ပုံ၊ စကားပြော၊ စကားပြေအရေးအသား၊ စာကိုဖတ်ခြင်း၊ သီချင်းစာသား၊ သီချင်းဆို၊ သတင်းအရးနဲ့ သတင်းဖတ်ခြင်း၊ စကားပြောသလိုစာရေးနည်း၊ ဒေသဆိုင်ရာအသုံးများ၊ ဘာသာခြားကနေယူထားတဲ့စာလုံးတွေ၊ နည်းပညာအသုံးတွေ၊ ဘန်းစကား၊ ခေတ်စကား၊ မူကွဲ၊ မူလွဲ၊ မူမှား၊ အထက်အမိန့်အရ မှန်မှန်မှားမှား လိုက်နာကြရခြင်း စသဖြင့် ထပ်တူမကျတာတွေ ရှိတယ်။

နှင့်

တုတ်နှင့် ရိုက်သည်

လှည်းနှင့် သွားသည်

သွားနှင့်ပြီ

သူမလာသည်နှင့် ပြန်သွားသည်

အပေါ်ထပ်နှင့် အောက်ထပ် ဇာတ်လမ်း

မောင်ဘနှင့် မောင်လှ

သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း

လူနှင့် အလုပ်

နဲ့

နုန့်နဲ့သည်

သွားနဲ့သည်

သည်အဝတ်အစားနဲ့ လှသည်

လှုပ်တိုင်းနဲ့သည်

ထော့နဲ့ထော့နဲ့ သွားနေသည်

ချည့်နဲ့နဲ့သာ ကျန်တော့သည်

နှဲ့၍ နဲ့

နင့်နင့်သီးသီး

သူနဲ့သာဆိုရင်

နင်နဲ့ငါနဲ့

ခနဲ့

ချည်နဲ့

ချိနဲ့

စုန့်နဲ့ (ကနွဲ့ကရ)

တိုင်နဲ့နေသည်

လှုပ်တိုင်းနဲ့

သွားနဲ့နေသည်

တောင်ကန် မြောက်ကန်နဲ့

ထော့နဲ့ထော့နဲ့ သွားနေသည်

နုန့်နုန့်နဲ့နဲ့

တချို့က နက်ဆိုပြီး မှားရေးနေကြတာ မေးခွန်းမှာ မနည်းပါ

နက်

အနက်ရောင်

နက်ကျော

နက်ကြုတ်

နက်ချိပ်

အသားနက်သည်

နက်ဖြန်ခါ

နက်ရှိုင်း

နက်ဝှမ်း

နက်နဲခက်ခဲလှသည်

အဓိပ္ပါယ်အတိမ်အနက်

နက္ခတ်တာရာ

စာကို စကားပြောသလိုရေးနည်းမှာ နှင့် အစား နဲ့ လို့လည်းရေးကြတယ်။ မင်းနဲ့ငါ လက်ဖက်ရည်ဆိုင်သွားမယ်။ စကားပြောစာရေးနည်း၊ သီချင်း၊ ကဗျာ၊ ကာတွန်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ စကားပြောသတ်ပုံနဲ့ ရေးလေ့ရှိပါတယ်။

သူနဲ့သာဆိုရင် https://www.youtube.com/watch?v=5J4fNN17Hvw

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ