Skip to main content

မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်း

ဆရာမြသန်းတင့်ရဲ့ တကြိမ်တခါမှ မထွက်ဖူးသေးတဲ့ စာအုပ်တအုပ်လို့ပဲ ဒီတခါလည်း ဆိုရဦးတော့မယ်။ 

မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်းကို

ဖြတ်ရဘိသကဲ့သို့ ကြမ်းတမ်းသော ခဲခက်သော

နီစွေးသော တရုတ်ပြည်သစ် တည်ထောင်ခန်းကို 

အချက်အလက်ပြည့်လျှမ်းတဲ့ သမိုင်းစာအုပ်ကဲ့သို့တမျိုး၊ လူ့စရိုက်လူ့သဘော လူ့မနော သရုပ်ဖော် ဝတ္ထုလိုတသွယ် မပျင်းစတမ်း ဖတ်ရမည့် စာအုပ်ကြီး။ 

မော်စီတုန်းနဲ့ လျူရှောက်ချီ ဆိုတဲ့ တရုတ်ပြည်ရဲ့

ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြားက လှုပ်ရှား ထန်ပြင်းတဲ့ ပဋိပက္ခ။ 

မာ့က်စ်ဝါဒအလံနီကို အခေါင်အဖျားထိဝှေ့ယှမ်းလိုသူနဲ့ ကွန်ဖြူးရှပ်ကိုးကွယ်မှု ကျောင်းဆောင်ထဲ ငုပ်လျှိုး

ကွယ်ပုန်းနေချင်သူတွေရဲ့ ယုံကြည်ချက်ဆိုင်ရာ လွန်ဆွဲပွဲ။ 

လမ်းစဉ်နှစ်ရပ်ရဲ့ တိုက်ပွဲ။

အရှေ့လေနဲ့ အနောက်လေ အားပြိုင်မှု။ 

ရှေ့သို့ခုန်ပျံကျော်လွှားရေးသမားတွေနဲ့ သမိုင်းနောက်မြီးဆွဲ လူထုလမ်းစဉ်သွေဖီသူတွေရဲ့

သဘောတရားရေး လေဆင်နှာမောင်း။ 

ဌာနချုပ်ကို အမြောက်နဲ့ ထုချင်သူနဲ့ အစဉ်အလာစာအုပ်ကြီးသမားတွေကြားက 

သည်းထန်တဲ့ နိုင်ငံရေး မိုးသက်မုန်တိုင်း။ 

၁၉၇၅ - ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်စေတဲ့ အကြောင်းဗျုပ္ပတ်ကို ၁၉၄၉- မော်စီတုန်းတရုတ်ပြည်

သစ် တည်ထောင်ခန်းကနေ  စတင်ပြီး အတွင်းကျကျ အသေးစိတ် ရေးထားတဲ့ စာအုပ်။ 

တန်ဖိုး // ၃၀၀၀၀ ကျပ်

Kant Kaw Khin Book House

မြသန်းတင့်ရေးတာမှန်ရင် အဲလိုသတ်ပုံမှန်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ