ကျွန်တော် နေမကောင်းလို့မေးတာတွေကို ဖြေနေတာ ၁၀ နှစ်ကျာ်ပြီ။
ဖြေပါ - စာမေးပွဲမေးခွန်း။
ဖြေနော် - ကနွဲ့ကယအပြော။
ဖြေပါနော် - ခပ်ချွဲချွအဲပြော။
ဖြေမလား - ရိုးရိုးအမေး။
ဖြေလိုက် - အထက်ဆန်ဆန်အပြော။
မဖြေသေးဘူးလား - စိတ်တိုနေပြီ။
ဖြေတော့ - တိုက်တွန်းစကား။
သိရင်ဖြေပေးပါ - ဆရာဝန်ကို သိပ်မယုံ။ မဖြေရင် မသိသူဖြစ်မယ်။
ဖြေပေးရင်ကျေးဇူးတင်မိမှာဘဲ = ကျေးဇူးတင်ခံလိုက ဖြေပါလေ။
အဖြေ =အဖြေစာ၊ အဖြေစကား။
ဖြေမဆီ = လွမ်းစိတ်ကို ဖြေဖျောက်သော်လည်း မပြေနိုင်။
ဖြေသိမ့် - စိတ်ခံစားမှုတခုခုကို ပြေပျောက်အောင်အားထုတ်သည်။
ဖြေလျော့ခွေ - ရုပ်ရှင်။
ဖြေသော်လည်းမပြေ = မဲဇာရွှေလီ သီချင်း (ဖြေသော်လည်းမပြေ လက်ဝဲသုန္ဒရ တမ်းတစိတ်ဘဝင် ငယ်ပေါင်းသက်ဝေ၊ သူ့ကြင်ဆွေ ပြည်တော်ကိုသာစိတ်ထဲရော်ရမ်း မျှော်မှန်းကာသာနေ။)
ကိုယ်သာချစ်စိတ် တိတ်တိတ်ရယ်ဖြေ - သီချင်း။
တရားနဲ့သာဖြေပါ - ဘာသာရေးအားပေးစကား။
ရသေ့စိတ်ဖြေ = ရရာနှင့် တင်းတိမ်အောင်ကြိုးစားသည်။
ဖြေဖျောက် = စိတ်တွင်နာကျင်ခံစားရသမျှကို ကွယ်ပမေ့ပျောက်အောင်နှလုံးသွင်းသည်။ စိတ်ကိုဖြေဖျောက်နိုင်သမျှ ဖြေဖျောက်ကြရ၏။
စာမေးပွဲဖြေ
ပြေအောင်ဖြေ
အမောဖြေ
ဖြေကြား
ဖြေချွတ်
ဖြေဆည်
ဖြေဖျော်
ဖြေဖျောက်
ဖြေဖျန်
ဖြေဖြတ်
ဖြေလျှော့
ကြိုးဖြေလွှတ်
ဖြေသိမ့်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment