Skip to main content

Career Education ကျောင်းသင်ဘာသာရပ်များ

ကျွန်တော် သူငယ်တန်းတက်တော့ ၁၉၅၄-၅၅ ခုနှစ်။ ဆယ်တန်းရောက်တော့ ၁၉၆၄-၆၅ ခုနှစ်။ အခုဆို နှစ်တွေ ကြာလှပြီ။ ကျောင်းမှာသင်ပေးတဲ့ ဘာသာရပ်တွေက ဟိုအရင်ကအတိုင်း။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း။ စိတ်ကြိုက်မြန်မာစာ၊ ပန်းချီ စသည်။ ဝိဇ္ဇာဘာသာတွဲနဲ့ သိပ္ပံဘာသာတွဲက ဆယ်တန်းလောက်ရောက်မှ ဖြစ်လာတယ်။ အိန္ဒိယမှာနေခဲ့ရစဉ်က မြန်မာပြည်က ကျောင်းတွေမှာ သင်ပေးတာနဲ့ မတူတာတွေ တွေ့ခဲ့ရတယ်။ ယူအက်စ်အေ ရောက်ပြန်တော့ အတော်ကို မတူတာတွေ တွေ့ရပြန်တယ်။

ယူအက်စ်အေကျောင်းများ

Grade 5 ၅ တန်း

1. Art အနုပညာ 

2. English Language Arts အင်္ဂလိပ်စာ 

3. Health and Life Skills ကျန်းမာရေး4. Mathematics သင်္ချာ

5. Music ဂီတ

6. Physical Education အားကစား 

7. Science and Social Studies သိပ္ပံ နှင့် ဆိုရှယ်ဘာသာရပ်

8. additional optional subjects အပိုဆောင်းဘာသာရပ်

Social studies ဆိုရှယ်ဘာသာရပ် ထဲမှာ primarily history သမိုင်း၊ geography ပထဝီ၊ civics စီးဗစ်၊ economics စီးပွါးရေးနဲ့ sociology ဆိုရှယ်ဗေဒတွေပါတယ်။

Grade 10 Courses Summary ၁၀ တန်း

1. English Language Arts အင်္ဂလိပ်စာ၊

2. Social Studies ဆိုရှယ်ဘာသာရပ်

3. Mathematics သင်္ချာ

4. Science သိပ္ပံ

5. Physical Education အားကစား

6. Career Life Education ဘဝရှေ့ရေး

7. Fine Arts and/or an Applied Skills အနုပညာ 

8. One elective စိတ်ကြိုက်ဘာသာရပ်

Career Education ဆိုတာ ကျောင်းသားတွေကို အောင်မြင်၊ ပညာတတ်တဲ့ နိုင်ငံသားဖြစ်လာစေရေဒအတွက် သင်ပေးတာ။ ဘဝခရီးမှာ ကိုယ်နှစ်သက်ရာ ဖြစ်နိုင်တဲ့ ပန်းတိုင်ဆီကို စီမံလျှောက်လှမ်းနိုင်ကြစေဘို့ဖြစ်တယ်။ တဦးချင်း စိတ်ဝင်စားမှု၊ စာနာစိတ်၊ ပြည့်ဝခြင်းတွေပါတယ်။

Basic 12th Grade Curriculum ၁၂ တန်း

1. English အင်္ဂလိပ်စာ 

2. Mathematics သင်္ချာ

3. Science Physics or Science Elective ရူပဗေဒ သို့မဟုတ် ရွေးချယ်သိပ္ပံဘာသာရပ်

4. Social Studies (Economics) ဆိုရှယ်ဘာသာရပ် (စီးပွါးရေး)

5. General Elective  (Fine Arts/Music Technology/Computer Science/Physical Education) ရွေးချယ်ဘာသာရပ် (အနုပညာ/ဂီတ၊ နည်းပညာ/ကွန်ပြူတာ၊ သိပ္ပံ/အားကစား

6. Foreign Language (Spanish or French) နိုင်ငံခြားဘာသာစကား (စပိန် သို့မဟုတ် ပြင်သစ်)

General Electives ရွေးချယ်ဘာသာရပ်များ

1. Art Science & Health အနုပညာသိပ္ပံ နှင့် ကျန်းမာရေး

2. Criminal Justice ရာဇဝတ်တရားမျှတမှု

3. Business & Entrepreneurship စီးပွါးရေး နှင့် စွန့်ဦးစီးပွါးရေးလုပ်ငန်း

4. Internet Technologies & New Media အင်တာနက်နည်းပညာ နှင့် မီဒီယာသစ်

5. Health Sciences ကျန်းမာရေးသိပ္ပံ

ပညာရေးမှာ တာဝန်ရှိသူတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူကျောင်းသာတွေ စဉ်းစားနိုင်ကြစေဘို့ တင်ပြပါတယ်။ တိုင်းသူပြည်သားတွေဟာ ပညာတွေ တစတစပိုပြီး တတ်မြောက်လာကြရပါမယ်။ ကနေ့လူငယ် နောင်ဝယ်လူကြီးဆိုတာ မပြောလည်း ကြီးပြင်းလာကြတာပါပဲ။ အနာဂတ်သည် လူငယ်တွေလက်ထဲမှာရှိသည်ဆိုတာလည်း မပြောလည်း ဖြစ်မှာ။ ဖြစ်သင့်တာက ပိုပြီးတတ်မြောက်သူတွေ၊ ပိုပြီးတော်တဲ့သူတွေ။ 

ကျွန်တော့်ဘဝခရီး ရှည်လှပြီ။ နောက်လူတွေက ပိုတော်လာကြသလား ခဏခဏစဉ်းစားမိတယ်။ ကောက်ချက် မချနိုင်ပါ။ 

လူတွေကို သိလိုရင် တိုင်းပြည်ကိုကြည့်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ မြန်မာပြည် ပိုပြီးတိုးတက်လာပါသလား။ အဲတာ ပညာနဲ့ဆိုင်တယ်။ ပညာကောင်းတွေ ပညာစစ်တွေ တတ်မြောက်တဲ့ မျိုးဆက်တွေ မွေးထုတ်နိုင်ကြပါစေသတည်း။

မဖြစ်သေးတာက ပညာရေးဌာနတခုတည်းနဲ့ မဆိုင်ပါ။ တိုင်းသူပြည်သား အားလုံးနဲ့ဆိုင်တယ်။

ဒေါက်တာတင့်ဆွေ

၂၉-၂-၂၀၂၀

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ