- သားလည်း တယ်လီဂရမ်သုံးတယ်ဆရာ။
သား + သမီး + အဘ စတဲ့အမျိုးအမည်တပ်ရေးနေတာတွေက ဆရာဝန်အတွက်တော့ အတော်ကို နားလည်ရခက်တယ်။
ယဉ်ကျေးပါတယ်လို့ ဘယ်လိုပြောပြော ခက်တယ်။
သားလို့ရေးရင် ရေးတဲ့သူရဲ့သားလား ပြန်မေးရတယ်။ သမီးရဲ့ ကလေးဆိုရင် မြေးလား မေးရတယ်။
လူမြင်ရင် အဘခေါ်စေဆိုတာ စစ်အုပ်စုက ရိုက်သွင်းပေးထားတာဖြစ်တယ်။
ဟုတ်ကဲ့ပါဆရာ။ မှတ်သားစရာမို့ မှတ်ထားပါ့မယ်။
ဟုတ်
ရှိသေးတယ်။ အိမ်ကအမေ။ အကျင့်ပါ နှုတ်ကျိုးနေသူတွေရှိပါတယ်။ မှားတာတော့ မဟုတ်ပါ။ စစ်စစ်ပေါက်ပေါက်စဉ်းစားရင် အိမ်မှာမနေတဲ့အမေလည်း ရှိသေးသလား။ အိမ်ကအဖေလို့ရေးတာတော့ မတွေ့ပါ။
ဦးလေးဆိုရင်လည်း ဆရာဝန်မှာ တူတွေ တူမတွေကများတော့ ဘယ်သူ့သားသမီးလဲ မေးရပြန်ရော။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment