Skip to main content

စပ်ကြား

ဆရာ နိဗ္ဗာန်မရောက်ခင် စပ်ကြား ရေးတာ မှန်လားဆရာ (စပ်ကြား)ရေးတာ မှန်လားသိချင်တာ။

စပ်ကြား = နှစ်ခု၊ နှစ်ယောက်၊ အချိန်ကာလနှစ်ခုတို့၏အကြား။

ဝေသာလီပြည်နှင့် ရာဇဂြိုလ်ပြည်စပ်ကြားတွင်။ 

သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်။ 

နိဗ္ဗာန်မရမှီ စပ်ကြား - မှီ နဲ့ မီ မှားနေ။ မှီဆိုတာ မှီခိုတာ။ မီဆိုတာက မတိုင်မီ။

နိဗ္ဗာန်မရမီစပ်ကြား - မှန်။

နိဗ္ဗာန်မရောက်ခင်စပ်ကြား တရားတော် - မှန်။

အပင်စပ်ကြား ဖြတ်တောက် 

ဒေါက်တာတင့်ဆွေ

Comments