Skip to main content

လင်္ကာနဘေ အသစ်ဖွေ၍

၁။ ဆရာခင်ဗျား နံဘေထပ်နဲ့ နဘေထပ်   ဘယ်စာလုံးမှန်ပါသလဲဗျ

နဘေ လို့ ရေးရ။

နဘေထပ်စပ်နည်း

သူဇာ၊ မူယာ၊ ရူပါ၊ ယူကွာ။

ရိုးသား၊ ကြိုးစား၊ တိုးပွား၊ ကျိုးများ။

ပြောင်းလဲ၊ မောင်းလှဲ၊ တောင်းဆွဲ။

တမ်းတဆွေး၊ မှန်းဆငေး၊ လွမ်းရတေး။

ပျိုလေးမေ၊ ဆိုတေးခြွေ၊ ငိုကြွေးနေ။

တွဲခိုလေညှင်း၊ ရွှဲစိုဝေနှင်း၊ ဝဲပြိုခြွေဆင်း၊

နှစ်ကြာကြိတ်ပုန်း၊ ချစ်လာပိတ်ဖုံး၊ ပစ်ခွါဆိတ်သုဉ်း။

ပေါင်းသင်ပျိုးနှုတ်၊ လောင်းပင်ချိုးထုတ်၊ နှောင်းစဉ်ကြိုးကုတ်။

စိုးရှက်ကလိမုန်း၊ ခိုးဝှက်အကြည့်ပုန်း၊ ညှိုးလျက်မချိနုံး။

အပျိုဖြူရှင်ရာ၊ မငြိုငြူလျှင်ကွာ၊ နှစ်ကိုယ်တူယှဉ်ကာ။

ကျွန်တော်စပ်တာ မဟုတ်ပါ။ ကူးယူတင်ပြတာဖြစ်ပါတယ်။ ကျေးဇူး။

၂။ ဆရာ နပေထပ် ကဗျာ စပ်နည်းလေးတွေပေးပါလား

ကျွန်တော်က ကဗျာ မစပ်တတ်ပါ။ ကဗျာသမားတွေက တင်ထားကြတယ်။ 

ဖြည့်လိုသောဆန္ဒ

ဘဝသံသရာ၊ ဆက်တိုင်းမှာလျှင်

လင်္ကာနဘေ၊ အသစ်ဖွေ၍

စာပေရေးပြု၊ စာအနုဖြင့်

ပြည်မှု ပြည်တာ၊ ရွက်လိုပါ၏ (ဗန်းမော်ညိုနွဲ့)

ခေတ်စမ်းစာပေအရေးသားသစ်ဟာ တာရှည်ခံတယ်။ ကနေ့ပြန်ကြည့်ရင် ဂန္ထဝင်မြောက် နဘေ၊ ကာရန်၊ အလင်္ကာနဲ့ ရေးတဲ့ စာတွေနောက် စကားပြေခေတ်မှာ ခေတ်စမ်းစာတွေက သမိုင်းဝင် နေရာရခဲ့ပါတယ်။

အဲဒီနောက်မှ မြန်မာစာပေဟာ မုန်တိုင်းတိုက်ခတ်ဖျက်ဆီးခံရလိုက်ရတယ်။ လူလုပ် မုန်တိုင်း။

နဘေ၊ ကာရန်၊ အလင်္ကာမြောက်တဲ့ ကဗျာတွေနောက်မှာ ကာရန်မဲ့ကဗျာ ပေါ်လာတယ်။ အဲဒါလည်း တာရှည်ခံခဲ့သေးပါတယ်။ ဒါပေမဲ့ လူလုပ် မုန်တိုင်းကြောင့် ကနေ့တော့ စာလုံးပေါင်းသတ်ပုံမဲ့ကဗျာတွေ နေရာရလာတယ်။

ရသစာတွေလည်း တာရှည်ခံခဲ့ပါတယ်။ ဒါပေမဲ့ လူလုပ် မုန်တိုင်းကြောင့် ကနေ့တော့ မှန်ခဲ့တာတွေကို မှားအောင်ပြင်ထုတ်ခြင်းက ပိုက်ဆံတွေ၊ လိုက်တွေ၊ ဖေါ်လိုတွေ၊ ပေ့ချ်တွေ ရနေပြီ။ ခေတ်ရမ်းစာပေဟု ခေါ်ပါမည်။

ဒေါက်တာတင့်ဆွေ

Comments