Skip to main content

ရွာတံတားအို

စမ်း နဲ့ ဆမ်းကို ပြင်ပေးလိုက်တော့ စာပြန်လာတယ်။

ပြင်ပေးလို့ လေးလေးစားစား ကျေးဇူးတင်ပါတယ်ရှင် ဆရာ။

တခါတခါအဲလို လာတတ်ပါတယ်။ တလမှာ တခါထက်တော့ နည်းတယ်။

ကျွန်တော်က ငယ်ငယ်လေးတုန်းက ပျက်အစဉ်ပြင်ခဏဆိုတဲ့ ရုပ်ပြပညာပေးစာအုပ်လေး ဖတ်ခဲ့တယ်။ 

ရွာအပြင်နားက ရေမြောင်းကူး ခနော်ခနဲ့ဖြစ်နေတဲ့ သစ်သားတံတားလေးကို ရွာသူရွာသားတွေ ဝိုင်းပြင်ကြလို့ ကောင်းသွားပါသတဲ့။ ဆော်သြသူတယောက် အမည်လည်းပါသေးတယ်။ ရွာသူကြီးတော့ မဟုတ်။ ရွာဦးကျောင်းဘုန်းကြီးလည်း မဟုတ်။ အခစားလိုက် အသက်မွေးရတဲ့သူ။

မြန်မာစာချောင်းက ကျယ်ပြီးနက်တယ်။ တံတားတော့ရှိပါရဲ့ သွားမရ လာမရ တစ်နေတယ်။

ဒေါက်တာတင့်ဆွေ

Comments