ဟိုတခါတုန်းက မြန်မာပြည်မှာနေထိုင်းသူ လူအများစုက အလွန်ယဉ်ကျေးကြတယ်။ ရိုင်းစိုင်းတာတွေ့ရင် ဆုံးမပေးကြတယ်။ မှားပြီး ဆဲမိရင် ပြင်သွားကြတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး ဆဲလာကြတယ်။ အဆဲသန်လာကြတယ်။ အဆဲပြိုင်လာကြတယ်။ အဆဲ ကပ်ရောဂါ ဖြစ်လာတော့တယ်။
ဆဲလောက်အောင် ဆိုးဝါးတဲ့အဖြစ်ကြောင့်သာ လူတွေကဆဲလာကြတာလို့ ဆင်ခြင်ပါတယ်။
ဒါပေမဲ့ ဖရုသဝါစာ တိုင်းပြည်လို့တော့ အထင်မခံသင့်ကြပါ။
တိုင်းပြည်သစ်ကို အဆဲသန်ပြိုင်ပွဲနဲလည်း စတင်လို့ မသင့်ပါ။
လူတွေကို ဆဲအောင် ဆွဲချသူတွေ ကံကုန်ရင် ပြန်ပြီးယဉ်ကျေးကြရပါမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment