မင်္ဂလာပါ ဆရာ အလှူပွဲတွေမှာ လက်သုံးစကားဖြစ်သည့် ကုမ္မာရီ အမျိုးသမီး၊ ဂုဏ္မာရီ အမျိုးသမီး၊ ဘယ်ဟာက မှန်ပါသလဲ။ အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာ။
ကုမာရီ = ကုမ္မာရီ (ကဝိဓဇသတ်ပုံကျမ်း)
ကုမာရ = သူငယ်၊ သတို့သား၊ မင်းသား။
ကုမာရိကာ = သတို့သမီးငယ်။
ကုမာရီ = သတို့သမီး၊ မိန်းကလေး။
ကုမာရိရတန = သမီးကညာ ရတနာ။
သတ်ပုံစာအုပ်ထဲမှာ ကုမ် အောက်မှာ ကုမ္ပဏီ နဲ့ ကုမ္ဘဏ်ရက္ခိုက် သာ ပါတယ်။
စတုတ္ထသိက္ခာပုဒ်၊ ကုမာရီဘူတဝဂ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းမိန်းမ (ဘိက္ခုနီ) များ လိုက်နာ စောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် ပါစိတ်အာပတ်ဖြစ်သည်။
ယက္ကန်းသည်မလေး ကုမာရီ
မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုတွင် မြန်မာကုမ္မာရီ အသင်းများ၏ ဆောင်ရွက်မှုများကို ချန်ခဲ့၍ မဖြစ်ချေ။
ပတိပူဇိကကုမာရီဝတ္ထု (၅၉၉.၄.၄)(၃၇၂/၄၃၅) - ဆဋ္ဌသင်္ဂါယနာတင် တရားတော်များ (၁၉၅၄ - ၁၉၅၆)
ကုမာရီ = ကုမ္မာရီ (ကဝိဓဇသတ်ပုံကျမ်း)
စတုတ္ထသိက္ခာပုဒ်၊ ကုမာရီဘူတဝဂ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းမိန်းမ (ဘိက္ခုနီ) များ လိုက်နာ စောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် ပါစိတ်အာပတ်ဖြစ်သည်။
ကုမ္မာရီ = ၁၂နှစ်အရွယ်မိန်းကလေး။အပျိုရွယ်။
လှတုန်းတညီ၊ကုမ္မာရီက၊မာဏဝီမယ်၊ ဂေါရီရွယ်တို့။ကိန္နရီ*၁၀၆။
နီပေါနိုင်ငံက အပျိုစင်မြေမနင်းမင်းသမိးလေး ကုမာရီ (Kumari)
ကုမာရီ အမျိုးသမီးဆေးရုံဖွင့်ပွဲ
သာဓုသာဓုကုမ္မာရီ ကိုမြကြီး စိန်စိန် https://www.youtube.com/watch?app=desktop&v=MTBTubYW5CM
ဒေါက်တာတင့်ဆွေ

Comments
Post a Comment