လက်ရှိအကောင့်က အနည်းဆုံး ၆ လတိတိသေသွားလို့ မသုံးဘဲ ၃-၄ နှစ်ထားတဲ့နေရာကို ပြန်သုံးနေတာ တပတ်လောက်ရှိပြီ။ မေးခွန်းဟောင်းတွေကို လိုက်ရှာပြီးလည်း ဖြေနေပါတယ်။ မကုန်သေးပါ။ အချိန်ရတိုင်း ပြန်ရှာပြီး ဖြေပါမယ်။
ဖရင်းစာရင်း ၂၀၀ ကျော်မဲ့နေတာကိုလည်း အခုတော့ အတိအကျပြည့်သွားပြီ။ ပေ့ချ်အဟောင်းကိုလည်း အဲလိုလုပ်တယ်။
ပရိသတ်က နည်းနည်းတော့ မတူ။
အသစ်တင်တဲ့ ပို့စ်တွေကို ဖတ်သူဦးရေကတော့ နည်းပါတယ်။ စိတ်ပါဝင်စားမှုမရှိသူက ဖတ်နေမှာ မဟုတ်ပါ။
တပတ်အတွင်း ဖရင်းမဟုတ်ဘဲ အန်ဖရင်းလုပ်ရသူက ၂ ယောက်။ တယောက်က မြန်မာစာရေးတာ မုန်းသတဲ့။ နောက်တယောက်က နိုင်ငံရေး မရေးရကောင်းလားတဲ့။
ဒီလိုပါဘဲ။ နိုင်ငံရေး ရေးတော့ ဆေးပညာမဟုတ်လို့။ မြန်မာစာမရေးဘဲ ဘိုစာရေးရမလို။
ဒီလိုဟာတွေအတွက်ကတော့ အရေခွံလည်းထူလှပြီ။ ကျွဲမဟုတ်။ ဆင်ကျောကုံး။
ဆင်အရေခွံ ဘယ်လောက်ထူသလဲ။ ၂့၅ စင်တီမီတာတဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment