၂၀၁၈ ခုနှစ်က ဒီနေ့မှာ နောက်တခေါက် ပြန်ရောက်ပါတယ်။
ဒိအရင် နောက်ဆုံးအခေါက်က ၁၉၉၀ မှာ စင်ပြိုင်အစိုးရဖွဲစည်းရေးအတွက် ဆက်သားတဦးနဲ့ ချိန်းတွေ့ခဲ့တဲ့နေရာ။ ဘယ်အမတ်က ဘယ်အချိန်မှာ၊ ဘယ်ခရီး၊ ဘာစီးသွားရမှာလို့ စီစဉ်ခဲ့တဲ့နေရာ။ မမေ့ပါ။
အဲတာ ၂၈ နှစ်တာကြာစေခဲ့တဲ့ ဘုရားဖူးသမိုင်းပါ။
ဆယ်တန်းမှာ သင်တဲ့မြန်မာစကားပြေစာအုပ်ထဲမှာ စာထဲမှာ ရွှေတိဂုံဟာ ပြည့်မျက်နှာတဲ့။ မမေ့ပါ။
မမေ့စရာတွေက များတယ်။
လိုက်ပို့ကြသူတွေ ပို့စ်ဖတ်ရသူတွေ နေကောင်းကြပါစေ။
ပုံထဲပါသူတွေ ၆ နှစ်တိတိပိုပြီး အိုစာသွားကြပြီ
ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၁၈
Comments
Post a Comment