Skip to main content

ဖလ်မီးအိမ်

ဖလ်မီးအိမ်သည်

ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ

ထွန်းတင့်နိုင်မည် မဟုတ်ပါ။

ဖလ်မီးအိမ်သည်

တိမ်လွှာကိုစား၊ လ ရထားဖြင့်

၀င့်ကြွားစွာလျှင်၊ ခရီးနှင်သည့်

သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်

ညှိထွန်းနိုင်မည် မဟုတ်ပါ။

ဖလ်မီးအိမ်သည်

မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်

လမ်းပျက်တူရူ၊ ရှောက်လာသူကို

အားကူမျှသာ ထွန်းမည်တည်း။

သူ့အဆင်းသည်

နေမင်းပမာ၊ သော်တာအလား

မ၀င်းငြားလည်း၊ သူ့အားသူ့မာန်

သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ

ဤလောကကို

အလှဆင်လိုဟန်တကား။ ။

တင်မိုး (၁၉၃၃ - ၂၀၀၇) 

နေဝန်းဖလ်ဝါ (ခင်ဆွေဦး)

ဖလ်မီးအိမ်

ဖလ် = ကျောက်သလင်း 

အရောင်မဲ့ ဖလ် စလီကာမှ ထုတ်လုပ်သည်

အလှကုန် လေဆာ ဖလ်

ဖလ်ခွက်

စတုက္ကရံသိနိက္ခန္တာ မေရုရာဇာ- ရွှေ ငွေ မြ ဖလ် လေးတန်ရောင်ခြည် ထွက်လည်ကွန့်မြူး တင့်ထူးလျှံပြိုင် မဏ္ဍိုင် ချက်ဗွေ နေစက်လစက် နက္ခတ်တာရာ ကြယ်တာရာတို့ ဝံယာပတ်ဝိုက် ဦးခိုက်ကြရာ မဟာမြင်းမိုရ်တောင်မင်းသည်။

မြေပြင်တလျှောက်တွင် ကြည်လဲ့သော ဖလ်မှုန်လေးများသည် တောက်ပစွာ လင်းလက်နေကြသည်။

kaleidoscope = ကြည့်ရှု ကစားစရာ ဖလ်ပြောင်း ကြေးမုံဖလ်သားတို့မှ ပုံရိပ်ရိုက်၍ အရောင်မျိုးစုံ သဏ္ဍာန်တူမြင်ရသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ