Skip to main content

သပြေဘူတ တပေဘူတ

ပန်းပင်အမည် ၂ မျိုးလုံးတွေ့ရတယ်။

• တပေဘူတ - ဝီကီပီးဒီးယား

• တပေဘူတ ပျိုး အဝါ ပန်းရောင်

• တပေဘူတ မျိုးစေ့ - သုခဝတီ သစ်ခွ၊ပျိုးပင်၊ကျွဲကော ဥယျာဉ်

• တပေဘူတ-Tabebuia roses (ကာလာ ၄ ရောင်၊အမြင့် ၃ပေနီးပါး)

• မန္တလေးကျုံးရှေ့က သပြေဘူတပင်အား လှုပ်ရမ်းခါချခဲ့သူကို မန္တလေးစည်ပင်က အမြင့်ဆုံး ပြစ်ဒဏ်အဖြစ်ဒဏ်

• သပြေဘူတ - ပန်းချစ်တတ်သူတို့ ရဲ့စာမျက်နှာ

• သပြေဘူတ - မန္တလေး

• သပြေဘူတ ကျုံးဘေး နွေအလှ 

• သပြေဘူတပင်နှင့်သပြေဘူတအဝါမျိုးစေ့အခမဲ့ပေးဝေမည်_ပေါက်ဖော်

• သပြေဘူတပန်းပင်ဝါဝါလေးများ

တပေဘူတပင် (Tabebuia aurea) ၏ မူလပေါက်ရောက်ရာ ဒေသမှာ တောင်အမေရိကတိုက် ဆူရီနိမ်း၊ ဘရာဇီး၊ ဘော်လီဗီယာ အရှေ့ဘက်၊ ပီရူး၊ ဥရုဂွေးနှင့် အာဂျင်တီးနားမြောက်ဘက်ပိုင်းတို့ ဖြစ်ပြီး တဘီဘူရီယ မျိုးစိတ်များမှ တစ်ခုဖြစ်သည်။ သခွပ်မျိုးရင်ဝင် အပင်ကြီးမျိုးလည်းဖြစ်သည်။ ယေဘူယျ အင်္ဂလိပ်အမည်မှာ Caribbean trumpet tree ဖြစ်သော်လည်း ကာရေးဘီးယမ်း ဒေသပေါက်ပင် မဟုတ်သည့်အတွက် ထိုအမည်သည် မှားယွင်းသည့်သဘောဆောင်နေသည်။ ထိုအပင်ကို ငွေနှဲပင် (silver trumpet tree) သို့မဟုတ် ရွှေပင် (tree of gold) ဟူ၍လည်း ခေါ်ဝေါ်ကြသေးသည်။ (ဝီကီပီးဒီးယား)

- တစ်ပေဘူတ မတွေ့ပါ။

- သပြေဘူတစ် မတွေ့ပါ။

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ