Skip to main content

ရေများ မီးနိုင်

ကွန်မင့်တခု = ငယ်ဆရာသေသေချာချာမသင်ခဲ့လို့လား ဒါမှမဟုတ်ဆရာကိုယ်တိုင်က စ လုံးနဲ့ ဆ လိမ် ကွဲကွဲ ပြာပြာမသိတာလား ဖတ်ရ မြင်ရတာတော့ တော်တော် ဆိုးပါ့

ဘယ်လို ဘာ့ကြောင့်ဆိုတဲ့အကြောင်းခံကို အသေအချာ သုတေသနပြုမှသာ အမှန်ကိုပြောနိုင်ပါတယ်။ အမျိုးမျိုးဖြစ်နိုင်တယ်။

သတ်ပုံတွေမှားရေးခြင်း၊ စာလုံးပေါင်းတွေလွဲခြင်းအတွက် တင်ပြတဲ့အခါ ကွန်မင့်ကနေ ထင်ကြေးတွေ ပေးကြပါတယ်။

• တချို့က အတန်းပညာနည်းလို့တဲ့။

• တချို့က ခေတ်လူငယ်တွေထင်တယ်တဲ့။

• တချို့က အလွယ်ရေးလို့ပါတဲ့။

• တချို့က တိုင်းရင်းသားထင်တယ်တဲ့။

• တချို့က ဘယ်လိုရေးရေး နားလည်ရင်ပြီးရောမဟုတ်လားတဲ့။

ကိုယ်အထင်ကိုသာ ပြောကြတယ်။ တချက်စီကို မဟုတ်မမှန်ပါကြောင်း တင်ပြထားပါတယ်။

ကျန်းမာရေးမေးခွန်းရေးသူတွေရဲ့ အသက်၊ ကျား၊ မ သိတယ်။ အများစုက အသက် မငယ်ကြပါ။ 

• အများစုက ဘွဲ့ရကြတယ်။

• အများစုက ရွှေဗမာတွေ။

• တ တလုံးနဲ့ ပြီးရမှာကို စသတ်နေတာ အလွယ်ရေးတာ မဟုတ်ပါ။ ကောင်းမှု ဆိုရင် ပြီးတာကို အောက်မြစ်ထည့်ရေးတာ အလွယ်မဟုတ်ပါ။

• တိုင်းရင်းသားထဲက စာရေးမှန်သူတွေကို နမူနာပေးပါတယ်။ ဥပမာ စိုင်ခမ်းလိတ်။

• ထုတ် နဲ့ ထုပ် မှားရေးရင် နားမလည်နိုင်။ ဖတ် နဲ့ ဖက် မှားရေးရင် နားမလည်နိုင်။ တတ် နဲ့ တက် မှားရေးရင် နားမလည်နိုင်။ စို နဲ့ ဆို မှားရေးရင် နားမလည်နိုင်။ 

ကျွန်တော်လည်း ရမ်းဖြေပါမယ်။

• ပညာကိုတန်ဖိုးမထားရာကနေ မိခင်ဘာသာစကားပါ ကျဆင်း ပျက်ယွင်းလာတာဖြစ်တယ်။

• နိုင်ငံတော်မူ မြန်မာအဘိဓာန်ကြီးကိုယ်၌က အမှားတွေပါနေတယ်။

• ခေတ်မကောင်းသေးသ၍ အပြင်ရခက်ဦးမယ်။

• ကျွန်တော်တို့လူမျိုးက အထက်အမိန့်ကိုသာ ခေါင်းငုံ့ခံတဲ့အကျင့် ဆယ်စုနှစ်တွေ များစွာ ကြာလှပြီ။ 

• အထက်လူကြီးတိုင်းကို ကြောက်နေကြရဆဲ။ 

• မှန်မှန် မှားမှား တရားဝင်ဖြစ်တာကို လိုက်နာရမယ်လို့ ပညာတတ်ဆိုသူတွေ၊ နာမည်ကြီးတွေ၊ အရာရှိကြီးတွေက ယူဆနေကြတယ်။

• သူတို့က သတ်ပုံကိစ္စ ဆွေးနွေးငြင်းခုန်ရေးဟာ သူတို့တာဝန်မဟုတ်ဘူးလို့ ယူဆကြတယ်။

• မကြာသေးခင်ကစပြီး မှန်အောင်ရေးသူဦးရေ တိုးတက်များပြားလာတယ်။ 

• ဒါပေမဲ့ ခေါင်က မိုးမလုံတဲ့အတွက် ရေများ မီးနိုင်ဆဲသာဖြစ်တယ်။

ဝိုင်းပြီးကြိုးစားကြရပါမယ်။

Dealing With Firewater After A Fire

ဒေါက်တာတင့်ဆွေ

Comments